1. အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။
2. ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာတစ်ခုပါ။စမ်းသပ်မှု မအောင်မြင်ရင် ပြန်သုံးသပ်ပြီး ထပ်စမ်းကြည့်ပါ။အောင်မြင်ရင် နောက်စမ်းသပ်မှုတစ်ခုနဲ့ ရှေ့ဆက်ပါ။
3. ကိုယ့်အကြောင်းကိုသိဖို့လိုတယ်။ဒါမှ ကိုယ်ဘယ်လိုဘဝမျိုး နေထိုင်ချင်လဲဆိုတာ design လုပ်လို့ရမှာ။
4. တခြားသူတွေအပေါ် မျှော်လင့်ချက်အများကြီးမထားပါနဲ့။သင်နာကျင်ရလိမ့်မယ်။
5. အတိတ်ကို တမ်းတနေသမျှ ပိုကောင်းတဲ့အနာဂတ်တွေဖန်တီးဖို့မလွယ်ဘူး။ Your vision has to be stronger than your memory. သင့်အနာဂတ်အမြင်သည် အတိတ်ထက် ပိုရှင်းနေဖို့လိုတယ်။
6. အရာရာပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့။Progress က Perfect ထက်ပိုအရေးကြီးတယ်။
7. လောကကြီးက သင့်ကို ဘယ်လို treatလုပ်တယ်ဆိုတာထက်၊သင်ကလူတွေနဲ့ လောကကြီးကို ဘယ်လိုတုံ့ပြန်လဲဆိုတာ ပိုအရေးကြီးတယ်။လူသားတိုင်းရထားတဲ့ လွတ်လပ်မှုက Freedom to response ပဲ။
8. ကိုယ့်ကို စိတ်ချမ်းသာစေတဲ့ကောင်းမွန်တဲ့ အတွေ့အကြုံတွေ experience တွေမှာ မြုပ်နှံပါ။
9. သင့်ဘဝကို နေ့စဥ်မှတ်တမ်းတင်ပါ။Documentလုပ်ပါ။တစ်နေ့မှာ ပြန်ကြည့်ရင် ငွေနဲ့လဲလို့မရတာ သင်သတိပြုမိလိမ့်မယ်။
10. မနက်ဖြန်တွေ ဒီနေ့ထက် ပိုကောင်းမယ်လို့ယုံကြည်ထားပါ။
11. ထမင်းမေ့ဟင်းမေ့ဖြစ်စေတဲ့ အလုပ်ကိုရှာဖွေပါ။ အလုပ်ထဲမှာ ပျော်ရွှင်ပါ။
12. သင့်ကိုယ်သင် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။သင့်ကိုယ်သင် အမြဲခွင့်လွှတ်ပါ။လူတိုင်း အမှားလုပ်တတ်ကြတယ်။
13. မနက်ဖြန်အတွက် အချိန်ပိုရအောင်လုပ်ပါ။ မနက်ဖြန်အချိန်တွေကို ငွေကြေးတစ်ခုတည်းနဲ့ မလဲချင်ရင် နေ့စဥ်မနက်ဖြန်အတွက် investလုပ်ပါ။
14. တစ်ရက်မဟုတ် တစ်ရက်သေမှာပဲ။ မသေခင် မဖြစ်မနေလုပ်ထားသင့်တဲ့အရာတိုင်းကို ချရေးထားပါ။အခွင့်အရေးရှိတာနဲ့ အကောင်အထည်ဖော်ပါ။
Phyo Paing @ Derek