Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝအဓိပ္ပာယ်ကို ရှာဖွေဖို့ ikigai

ဘဝအဓိပ္ပာယ်ကို ရှာဖွေဖို့ ikigai

Ikigai ဆိုတာ ဂျပန် အတွေးအခေါ်တစ်ခု ဖြစ်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတည်ဆောက်ဖို့ အလွယ်အထောက်အကူပြုတဲ့ နည်းစနစ်တစ်ခုလဲဖြစ်ပါတယ်။

မေးခွန်းလေးခုကတော့ ဒီစကားလုံး လေးလုံးကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Yarigai — the value of doing
Hatarakigai — the value of working
Asobigai — the value of playing
Shinigai — the value of dying

Akyanpay Creator Studio အသုံးပြုသူတွေအတွက် အကျိုးရှိစေတဲ့ Tools တွေ research လုပ်ရင်း ဒီစနစ်လေးကို ထည့်ဖို့စဥ်းစားမိခဲ့တာပါ။ ၂၀၁၅ နောက်ပိုင်းမှာ ကျွန်တော့်ဘဝစတင်အပြောင်းအလဲဖြစ်လာပါတယ်။ နေရတာ၊ အလုပ်လုပ်ရတာပိုပြီး အဓိပ္ပာယ်ရှိလာပါတယ်။ ဒီအချက်ကို ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မိပါတယ်။ နောက်တော့ Ikigai (အစ်ခီဂိုင်း) နဲ့ကိုက်ညီနေတာကိုသွားတွေ့ရပါတယ်။ ဒါကြောင့် ဒီနည်းစနစ်လေးကို မျှဝေပေးလိုက်ပါတယ်။

ဒီတော့ ကိုယ့်ဘဝအဓိပ္ပာယ်ကိုတည်ဆောက်ဖို့ မေးခွန်းလေးခုကတော့

၁။ Things I Love Doing
ကိုယ်ချစ်တဲ့အလုပ်တွေက ဘာတွေများလဲ?

၂။ Things The World Needs
ကမ္ဘာကြီး (သို့) စျေးကွက်ကလိုအပ်နေတဲ့အရာတွေကဘာတွေလဲ?

၃။ Things I Can Be Paid For
ကိုယ့်ကို ဝင်ငွေရှာပေးနိုင်တဲ့အရာတွေကဘာတွေလဲ?

၄။ Things I Am Good At
ကိုယ်ကျွမ်းကျင်တဲ့အရာတွေက ဘာတွေလဲ?

ဒီလေးခုပေါ်ကို သုံးသပ်ပြီး ကိုယ့်ရဲ့ Ikigai ဘဝအဓိပ္ပာယ်ကိုရှာဖွေပြီး Passion နဲ့ Profession ကိုချိပ်ဆက်လို့ရသလို၊ Passion ကို Profit အနေနဲ့ ပြောင်းနိုင်ပါတယ်။

#Akyanpay

Share Your Idea!​