ဘဝ ဆိုတာ စနစ် တစ်ခုပဲ
ကိုယ့်လုပ်ငန်းမှာ စနစ် လိုသလို
ကိုယ့်ဘဝမှာလည်း စနစ် လိုတယ်
ဒါပေမဲ့ လူအများစု ဘဝကို စနစ်တကျ မကြည့်ဘူး
ခံစားချက်နဲ့ သွားတယ်
ပြဿနာ တက်မှ ကြည့်တယ်
ပြီးတော့ “ဘာလို့ ဒီလို ဖြစ်ရတာလဲ” လို့ မေးတယ်
ဘဝ ဆိုတဲ့ စနစ်မှာ အပိုင်း ၈ ပိုင်း ရှိတယ်
၁။ ကျန်းမာရေး
ကိုယ်ခန္ဓာ မကျန်းမာရင် ကျန်တာ အကုန် ပြိုကျတယ်
ဒါ အခြေခံ
၂။ ဆက်ဆံရေး
ချစ်သူ မိသားစု သူငယ်ချင်း
ဒီဆက်ဆံရေးတွေ ကောင်းရင် ဘဝ ခံနိုင်ရည် ရှိတယ်
၃။ ငွေကြေး
ငွေ က အကုန်မဟုတ်ဘူး
ဒါပေမဲ့ ငွေ မရှိရင် ရွေးချယ်မှု မရှိဘူး
၄။ အလုပ်အကိုင်
တစ်နေ့ ၈ နာရီ ကိုယ် ဘာလုပ်နေလဲ
ဒါ ကိုယ့်ဘဝရဲ့ ၃ ပုံ ၁ ပုံ
၅။ ပညာရေး
သင်တာ ရပ်သွားတဲ့နေ့ ကြီးထွားတာ ရပ်သွားတယ်
၆။ ဖျော်ဖြေရေး
ပန်းချီဆွဲ ဂစ်တာတီး စာဖတ် ခရီးသွား
ဘဝမှာ အသက်ရှူသွင်းတဲ့ အရာတွေ
၇။ စိတ်ပိုင်း
ကိုယ့်စိတ် ကိုယ်နားလည်ရဲ့လား
တစ်နေ့ ၅ မိနစ် ငြိမ်ငြိမ်ထိုင်ဖူးလား
၈။ ပတ်ဝန်းကျင် အကျိုးပြုမှု
ကိုယ့်ထက် ကြီးတဲ့ အရာ တစ်ခုခု အတွက် ဘာလုပ်နေလဲ
ဒီ ၈ ခု ကို ၁ ကနေ ၁၀ အမှတ်ပေးကြည့်ပါ
အမှတ် ၈ ရတဲ့ နေရာ ရှိမယ်
အမှတ် ၃ ပဲ ရတဲ့ နေရာ ရှိမယ်
ဒါ ပုံမှန်ပဲ
ဒါပေမဲ့ ပြဿနာက ဒီမှာ
အမှတ် ၃ ရတဲ့ နေရာ ကို လစ်လျူရှုနေရင်
အမှတ် ၈ ရတဲ့ နေရာတွေက ထိန်းမရတော့ဘူး
ငွေကြေး ၉ မှတ်
ကျန်းမာရေး ၃ မှတ်
ဒီလူ ပျော်ရဲ့လား
မပျော်ဘူး
ဆက်ဆံရေး ၂ မှတ်
အလုပ် ၉ မှတ်
ဒီလူ ငြိမ်းချမ်းရဲ့လား
မငြိမ်းချမ်းဘူး
ဘဝ ဆိုတဲ့ ဘီး ကို ကြည့်ပါ
ဘီး ဝိုင်းမှ လိမ့်တယ်
တစ်နေရာ ချွတ်နေရင်
ဘယ်လောက် မြန်မြန် လိမ့်လိမ့်
ခုန်ခုန် နဲ့ သွားနေမယ်
ဒါဆို ဘယ်လို လုပ်မလဲ
အမှတ် အနည်းဆုံး ၂ ခု ကို ရှာပါ
ဒီ ၂ ခု ကို အရင် ကုပါ
အကုန် ၁၀ ဖြစ်ဖို့ မဟုတ်ဘူး
ဘီး ဝိုင်းဖို့
ဘဝ ဆိုတာ ကံ မဟုတ်ဘူး
ဘဝ ဆိုတာ စနစ်
စနစ်ကို ကိုယ် ပြင်လို့ ရတယ်
Phyo Paing @ Derek