ဘဝက ဖြစ်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြေကြားမှာ
ချိန်ငြိပြီး သွားနေရတယ်။
ဘာလုပ်ဘာဖြစ်မယ်။
ဘယ်သွားဘယ်ရောက်နိုင်တယ်။
ဖြစ်နိုင်စွမ်းက သေချာမှုတစ်ခုကိုပေးတယ်။
ဘာလုပ်ရင် ဘာဖြစ်မယ်သေချာမသိသေးဘူး။
ဘယ်သွားရင် ဘယ်ရောက်မယ်လဲ မရေရာသေးဘူး။
စမ်းကြည့်ရင် လမ်းရှိတာ သိသွားတဲ့အခါ
လုပ်နိုင်တဲ့ အသစ်တွေ အများကြီးတွေ့လာမယ်။
ဘဝဆိုတာကို
ဖြစ်နိုင်ခြေကိုလဲလုပ်ရင်
ဖြစ်နိုင်စွမ်းကိုလဲ များအောင်လုပ်တဲ့
ကစားကွက်နဲ့သွားတာ အန္တရာယ်လဲနည်းသလို
အနာဂတ်အတွက် တိုးတက်နိုင်စွမ်းလဲရှိတယ်။
Phyo Paing @ Derek