သူများအတွက်တော့မသိဘူး။
ကိုယ့်အတွက်ကတော့
ကိုယ်လုပ်ချင်တာလုပ်ဖို့။
လုပ်ချင်တဲ့အလုပ်ကို
လုပ်ချင်တဲ့နေရာမှာ
စိတ်မပူမပန်
ကိုယ့်စိတ်ကြိုက်လုပ်နေရဖို့။
ဘာအလုပ်တွေ လုပ်ချင်လဲ။
လူ၊ နည်းပညာ၊ ပညာရေး၊
အတွေးအခေါ်ပညာ၊
စီးပွားရေးပညာ စိတ်ဝင်စားတယ်။
Laptop တစ်လုံးနဲ့
နေရာမရွေးမှာ လွတ်လွတ်လပ်လပ်
အလုပ်လုပ်ချင်တယ်။
လွတ်လပ်မှု၊ ရင်ခုန်မှု၊ တိုးတက်မှုရဖို့
နေ့စဥ် စမ်းသပ်မှု၊
အသစ်တွေ့ရှိမှုတွေရှိချင်တယ်။
ဒါတွေလုပ်ဖို့ ဝန်ထမ်းအများကြီးမလိုဘူး။
ပြိုင်ဆိုင်မှုတွေနဲ့ စိတ်ရှုပ်နေစရာမလိုဘူး။
ကိုယ့်လမ်းကိုယ်ဖောက်၊
ကိုယ့်အတွေးအခေါ်နဲ့ကိုယ်
မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတဲ့
စွန့်ဦးတီထွင်မှု
Lifestyle Entrepreneurship
ဘဝနေထိုင်မှုအသားပေး စွန့်ဦးတီထွင်မှုရှိတယ်။
Phyo Paing @ Derek