Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘာကြောင့် ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတွေ မတည်ဆောက်နိုင်သေးသလဲ?

ဘာကြောင့် ကိုယ်မပါပဲ လည်ပတ်တဲ့
လုပ်ငန်းတွေ မတည်ဆောက်နိုင်သေးသလဲ?

၁။ အိမ်စာမလုပ်လို့

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတစ်ခု တည်ဆောက်ဖို့
လုပ်ငန်းတစ်ခုကို ဘယ်လို စီမံခန့်ခွဲရမလဲ၊
လုပ်ငန်းတစ်ခုရဲ့ ကြီးထွားမှုမဟာဗျူဟာ၊
ဝန်ထမ်းရေးရာ၊ ငွေကြေးရေးရာ စီမံခန့်ခွဲမှုကို
သေချာနားလည်ဖို့ ပုံမှန်အိမ်စာလုပ်ရပါမယ်။

၂။ ကိုယ့်လုပ်ငန်းက ကိုယ့်ထက်ပိုကြီးနေလို့

ကိုယ့်လုပ်ငန်းရဲ့ လည်ပတ်မှု၊
ဝန်ထမ်းရေးရာ၊ ဖောက်သည်ရေးရာပိုင်းသည်
ကိုယ့် ထိန်းချုပ်မှုအောက်မှာ မရှိခြင်းသည်
ကိုယ့်လုပ်ငန်းက ကိုယ့်ထက်ပိုကြီးနေတဲ့
အဓိပ္ပာယ်ဖြစ်ပါတယ်။

၃။ လက်လွဲရမည့် ဘယ်လက်ရုံး၊ ညာလက်ရုံးမရှိလို့

လုပ်ငန်းတစ်ခုမှာ ကိုယ်မရှိရင်
ဒီလုပ်ငန်းရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဘယ်သူ့မှာရှိမလဲ
ဆိုတဲ့ အချက် ကြိုတင်စဥ်းစားထားရပါတယ်။
ဒီလိုဖြစ်ဖို့အတွက်လဲ လူကောင်းတွေရဖို့
နှစ်ရှည်လများ ကြိုတင်စီမံထားရပါတယ်။

၄။ လုပ်ငန်းအတွက် ပုံမှန် ချရေးပြီး planning မလုပ်လို့

လုပ်ငန်းရှင်အများစုက ခေါင်းထဲမှာ planning အမြဲ
လုပ်တတ်ကြပေမယ့်
တကယ့် planning process ကို သေချာချရေးပြီး
လုပ်တာ အားနည်းတဲ့အချိန်မျိိုးမှာလဲ
ကိုယ့်လုပ်ငန်းသွားနေတဲ့ direction ကို ထိန်းချုပ်ဖို့
ခက်တတ်ပါတယ်။

၅။ Business Model မှားနေလို့

Model မှားရင် မယ်တော် ကယ်လို့မရဘူးဆိုတဲ့အတိုင်းပဲ
ကိုယ်သွားနေတဲ့ business model ဟာ
အကောင်းဆုံး ကိုယ့် အားသာချက်နဲ့မကိုက်ဘူးဆိုရင်လဲ
ကိုယ့်လုပ်ငန်းကို လူစိတ်ဝင်စားမှုနည်းတာ၊
အမြတ်ငွေနည်းတာဖြစ်တဲ့အတွက်
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့
ခက်တတ်ပါတယ်။

၆။ စနစ်တိတိကျကျမရှိလို့

ဝန်ထမ်းခန့်တဲ့အခါ အစမ်းခန့်စာ၊
အလုပ်ခန့်စာ၊ လုပ်ငန်းဆောင်တာဖြစ်စဥ်၊
စာရင်းရေးရာ အတွက် တိကျတဲ့
စနစ် မရှိထားတဲ့အခါ
ဝန်ထမ်းထွက်သွားတိုင်း အခက်အခဲ
ဖြစ်တတ်ပါတယ်။

၇။ လူမှန်နေရာမှန် မချတတ်လို့

လူမှန်နေရာမှန်ဖြစ်ဖို့အတွက်
ဝန်ထမ်းတွေရဲ့ အားသာချက်၊
အားနည်းချက်တွေကို သိထားနိုင်တဲ့
စိတ်ပညာအခြေပြု tools တွေ
အသုံးမပြုတဲ့အတွက်
နေရာနဲ့ လူအံ့ဝင်ဂွင်ကျမဖြစ်ရင်လဲ
လုပ်ငန်းဆောင်တာတွေကို
လွဲပေးဖို့ ခက်တတ်ပါတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​