တကယ်တမ်းကျွန်တော်နားလည်ထားတဲ့
တက္ကသိုလ်တစ်ခုဖြစ်ဖို့ အရေးအကြီးဆုံးက
သင်တန်းသား network ပဲ။
ဘယ်လိုလူတွေနဲ့ အတူတူသင်ရမယ်ဆိုတာ
အရေးအကြီးဆုံးတစ်ခုပဲ။
ကျွန်တော်ဆို ဆေးပညာစိတ်မဝင်စားဘူး။
ဒါပေမယ့်ဆေးကျောင်းတက်ခဲ့တဲ့အတွက်
နောက်တမရဘူး။
ဘွဲ့ကြောင့်မဟုတ်ဘူး။
ဘာကြောင့်လဲဆို smart ဖြစ်တဲ့သူတွေနဲ့
သိခွင့်ရခဲ့လို့။
Informal learning က လူတွေတိုးတက်ဖို့
အရမ်းအရေးကြီးတယ်။
နောက်တစ်ခုက သင်ကြားတဲ့ဆရာတွေ။
နောက် course ကို design လုပ်တဲ့ပုံစံပေါ့။
နောက် အသိအမှတ်ပြုခံရမှု။
အရှေ့တောင်အာရှမှာအောင်မြင်တဲ့
tech startup founder အများစုက
Ivy League တက္ကသိုလ်တွေကများတယ်။
သူတို့အချင်းချင်းကလဲ တက္ကသိုလ်မှာ
တွေ့ခဲ့ကြတဲ့သူတွေများတယ်။
ဥပမာ Grab co-founders တွေဖြစ်တဲ့
Anthony Tan နဲ့ Tan Hooi Ling ဆိုလဲ
Harvard (MBA 2011) မှာတွေ့ပြီး
case study လုပ်ရင်း idea ရ
စဖြစ်ခဲ့ကြတယ်။
နောက် သူတို့ အတန်းကပဲ
Indonesia က Gojek co-founder
Nadiem Makarim ဆိုလဲ
Harvard (MBA 2011) ကပဲ။
ဒါကြောင့် ကိုယ်က သိန်းထောင်ဂဏန်းလောက်
သုံးပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်မတက်နိုင်ရင်
နိုင်ငံခြားက ခိုင်မာတဲ့ ဘွဲ့ပဲရဖို့ဆို
UK က awarding bodies တို့၊
HND တို့တက်ပြီး University Top Up ပဲ
ယူလိုက်မယ်။
ဒါကတော့ ကျွန်တော်သာ ဘွဲ့မရသေးတဲ့
လူငယ်တစ်ယောက်ဆိုရင်ပေါ့။
ဒါတွေတက်ဖို့ပဲ အတန်းထိသွားနေတာထက်စာရင်
Zoom ကနေပဲ ကြိုက်တဲ့နေရာကလေ့လာပြီး
ကျန်တဲ့အချိန်ကို အလုပ်လုပ်လိုက်မယ်။
မဟုတ်လဲ တော်တော်များများက
ဒီ ABE, NCC, HND အစရှိတာတွေကို
package လုပ် perceived value ပဲ
ရောင်းကြတာပဲ။
တကယ်တမ်းဘွဲ့ရရင်
ကြော်ငြာထားတဲ့ ဓာတ်ပုံထဲကလို
Necktie တွေ Suit တွေ MacBook နဲ့
ဖြစ်မှာ မဟုတ်ဘူး။
CV form လေးကိုင်ပြီး ဟိုပြေးဒီပြေး
အလုပ်လိုက်လျှောက်နေရမှာများတယ်။
သူများကို ပိုက်ဆံပေးတဲ့
အလုပ်တိုင်းကလွယ်တယ်။
ပိုက်ဆံပြန်ရှာဖို့သာ နည်းနည်းပိုခက်တာ။
အမှန်မြင်ဖို့ အမြင်မှန်ဖို့လိုတယ်။
ဒီလိုဖြစ်ဖို့ ကြော်ငြာတိုင်းကို
ခံစားပြီး အဲ့အတိုင်းဖြစ်မယ်လို့ မယူဆနဲ့။
ငယ်ငယ်က ကိုယ့်ကိုကိုယ်သာ
အကြံပေးမယ်ဆို အဲ့လိုပေးခဲ့မှာ။
Phyo Paing @ Derek