ဘာနဲ့နီးလဲ။
တချို့တွေကပြောကြတယ်။
ပိုက်ဆံနဲ့ နီးရင်
ပိုက်ဆံရှာရပိုလွယ်မယ်။
ပညာနဲ့နီးရင်
ပညာရှာရပိုလွယ်မယ်။
တရားသမားတွေနဲ့နီးရင်
တရားရှာရပိုလွယ်နိုင်မယ်။
ပြဿနာတွေနဲ့နီးရင်
ပြဿနာရဖို့ပိုလွယ်တယ်။
တချို့ကလဲ နီးတိုင်းမဟုတ်ဘူးတဲ့။
တချို့က နီးရင်တော့
ပိုလွယ်တာပေါ့တဲ့။
တချို့က နီးပြီးမလွယ်တာ
ခင်ဗျာရဲ့အစွမ်းအစတဲ့။
ဘာနဲ့နီးလဲ။
အရေးကြီးတယ်။
Proximity is Power လို့လဲ
ပြောကြတယ်။
တချို့အတွက်က အရက်ဆိုင်။
တချို့အတွက်က ကျောင်း။
တချို့တွေအတွက်
ပြောရင်လဲ ဟာသလိုဖြစ်လို့။
တချို့ ကလေးတွေက ကျောင်းနဲ့နီးပြီး
ဘဝတွေကို ပျက်လို့။
Phyo Paing @ Derek