လောကကြီးက မတရားဘူး။
$ရမ်းကို မတရားတာ။
မွေးကတည်းက သာတူညီမျှမရှိဘူး။
တချို့တွေက မွေးကတည်းက
အခွင့်ထူးခံ။
တချို့က မျက်နှာမွဲ။
တချို့က ဘားမှ လုပ်စရာမလိုပဲနဲ့ကို
ကံအကြောင်းလှပြီး ပြည့်စုံနေတယ်။
တချို့ကျတော့လဲ ကျောပူအောင်
အလုပ်လုပ်ပြီး
သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်
ရုန်းရင်းကန်ရင်း ဘယ်မှခရီးမရောက်ဘူး။
တချို့အတွက် တစ်သောင်းနှစ်သောင်း
နဖူးမှချေွးခြေကျအောင် လုပ်ရပေမယ့်
တချို့က ပြောလိုက်တဲ့စကား
လေးငါးဆယ်ခွန်းနဲ့ တစ်သောင်းနှစ်သောင်း
ရှေ့မှာ စကားလုံးတစ်လုံးထည့်လိုက်လို့ရတယ်။
ဒါတွေက ကျွန်တော်တို့လူအများစု
ထိန်းချုပ်မှုအောက်မှာ မရှိဘူး။
ဒါတွေကို အပစ်တင်ပြီး
မိုက်ဖက်လိုက်ရင်လဲ
သံသရာခြားလပတ်ထဲက
တိုင်ပတ်ပြီးရင် ပတ်နေမှာ။
လူတွေထိန်းချုပ်လို့ရတာတစ်ခုပဲ။
ဒါကတော့ ဘာပဲလုပ်လုပ်
အကောင်းဆုံးလုပ်။
ဒီဆောင်ပုဒ်က လူတိုင်းလုပ်လို့ရတယ်။
ကိုယ့်ရဲ့ ဘဝပေးထားချက်
နေ့ရက်တိုင်းကို အကောင်းဆုံး
အသုံးချတာဟာ အားလုံးထိန်းချုပ်မှု
အောက်မှာ ရှိတယ်။
မဟုတ်ရင် နှိုင်းယှဥ်ပြီး
တစ်တောင်ထက် တစ်တောင်မြင့်
ဘဝမှာ ငြိမ်းချမ်းမှုရမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် အကောင်းဆုံး
လုပ်ဆောင်ပါ။
ဒီဆောင်ပုဒ်ပဲ လက်ကိုင်ထားလိုက်တယ်။
Phyo Paing @ Derek