ကိုယ်လေဖြတ်နေပြီး ကိုယ်လက်လုပ်မရ
စကားပြောမရတဲ့ အခြေအနေတစ်ခု
စဉ်းစားကြည့်ကြည့်ပါ။
ဒါမှမဟုတ် မြေမြုပ်ပြီးမှ မသေပဲ
ပြန်နိုးလာပြီး အော်မရလှုပ်မရ
အခြေအနေတစ်ခုကို စဉ်းစားကြည့်ပါ။
ဘာလုပ်ကြမလဲ?
Worst case scenario ဆိုတာ လူတွေမှာကြိုတွေးထားတာ
မမှားပါဘူး။
ဒီ ၁၅ ရက်ကို အောင်သုခရိပ်သာမှာ
သေနည်းသွားလေ့ကျင့်တယ်ဆိုမမှားပါဘူး။
ဖုန်းမသုံးရဆိုတဲ့အတွက်
ဒီရက်တွေမှာ အင်တာနက်မသုံးဖြစ်သလို
Facebook နဲ့ Instagram account ကို
Deactivate လုပ်ခဲ့ပါတယ်။
မနက် ၃ နာရီထ ပြီး ည ၉ နာရီထိ
တရားနာ၊ တစ်ရက် ၇ နာရီတရားထိုင်၊
ညစာမစားပဲ နေခဲ့တာ မနက်ဖြန်ဆို
တရားစခန်းကထွက်ပါပြီ။
အလုပ်တွေရပ်ပြီး ဆယ့်ငါးရက်ဆိုတာ
တော်တော်မလွယ်ပါဘူး။
၂၀၀၅ တုန်းက တစ်ခါ၊ ၂၀၀၆ တစ်ခါ
တရားစခန်းဝင်ခဲ့သလို ဒါကတော့
တတိယတစ်ခါပေါ့။
ဝင်ဖို့ ကူညီပေးတဲ့ ကိုနိုင်ကြီးကိုလဲ
ကျေးဇူးအထူးတင်ပါတယ်။
Phyo Paing @ Derek