Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘာအလုပ် လုပ်လုပ်
စိတ်ရှည်ရတယ်။

ရွှေဥ တော့ဥစေတယ်တယ်။
ငန်းမမွေးချင်ဘူး။
အစာပုံမှန်မကျွေးချင်ဘူး။
ငန်းကို ကြီးအောင်မစောင့်ချင်ဘူး။
ခုမွေး၊ ခုကြီး၊ ခု ရွှေဥ ဥစေချင်တယ်။
အဲ့လို မရဘူး။

စီးပွားရေးလုပ်ငန်းဆိုတာ
ပိုက်ဆံရိုက်စက် “Money Making Machine”
ဖန်တီးတာ ပဲ။
တချို့တွေက ဒီစက်ကို ဖန်တီးတတ်တယ်။
တချို့က မဖန်တီးတတ်ဘူး။

ဘာကွာသွားလဲဆို
စိတ်ရှည်မှု၊ အမြင်၊
နည်းနာ၊ ပြုလွယ်ပြင်လွယ်စိတ်၊
လေ့လာလိုစိတ် ကွာသွားတယ်။

ကိုယ်လုပ်နေတဲ့ လုပ်ငန်းပေါ်မူတည်ပြီးတော့
ငွေကြေးအနည်းအများ ဝင်တာ
ကွာနိုင်ပေမယ့်
ဘယ်လုပ်ငန်းလုပ်နေနေ
အတွေး၊ အကြံ၊ အလုပ်
တွေးပုံ၊ ကြံစဥ်ပုံ၊ အလုပ်လုပ်ပုံမှာ
စိတ်ရှည်မှုဆိုတာ ထည့်သွင်းစဥ်းစားဖို့လိုမယ်ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​