Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘာ့ကြောင့် Side Project တစ်ခုလုပ်သင့်သလည်း?

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က article တစ်ခုဖတ်ရတယ်။ Side Project Marketing ဆိုပြီးရေးထားတယ်။ အဲ့ဒီအချိန်မှာ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအနေနဲ့ လုပ်နေတယ်။ ဝါသနာတွေကတော့ နည်းပညာနဲ့ပတ်သက်တာ တွေ စိတ်ဝင်စားတယ်။ စီးပွားရေး အကြောင်းစိတ်ဝင်စားတယ်။ ဦးနှောက်နဲ့ သင်ယူမှု အကြောင်းစိတ်ဝင်စားတယ်။

ပထမဆုံးလုပ်ဖြစ်တဲ့ side project

2013 နှစ်အစပိုင်း မှာ မှတ်မှတ်ရရ HTC Butterfly စထွက်တဲ့ အချိန်။ ဖုန်းနဲ့ ပတ်သက်လို့ Xiaomi MI 2 စထွက်တဲ့ အချိန်။ iOS Jailbreak တွေသိပ်ခေတ်မစားတော့တဲ့ အချိန်။ Samsung ရဲ့ Note 2 စထွက်ပြီး tablet ကို S Pen စထည့်ပေးတဲ့အချိန်။

တရုတ်ပြည်က ICBC bank မှာ မှတ်ပုံတင်ဘာသာပြန် အကောင့်ဖွင့်၊ တရုတ်မူဆယ်နယ်စပ် ဂျယ်ဂေါင်က တဆင့် ပစ္စည်းမှာပြီး မူရင်းကုမ္ပဏီအလုပ်အပြင် Side Project တစ်ခုစခဲ့တယ်။ ကြားထဲမှာ အဆင်မပြေမှုတွေရှိပေမယ့် အလုပ်ထွက်တဲ့ အခါ Ready ရှိနေပြီးသား Customers တွေနဲ့ အလွယ်တကူ လုပ်ငန်းစတင်လို့ရတယ်။

ဒုတိယ side project

2013 Nov မှာ နောက် တစ်ခုစဖြစ်တယ်။ Part-time lecturer. တစ်ပတ်ကိုနှစ်ရက်၊ တစ်ရက်နှစ်နာရီဘဲ သင်ဖြစ်တယ်။ ဒါပေမယ့် ပထမအလုပ်ကို မလုပ်ချင်တော့တဲ့ အခါ ဒုတိယ side project သင်တန်းကို အလွယ်တကူစနိုင်တယ်။

လူ နဲ့ ရွေးချယ်မှု

လူတွေဟာ ရွေးချယ်မှုမရှိရင် စိတ်ဓာတ်ကျလာတယ်။ ဥပမာ ထောင်ဆိုတဲ့ အရာက လူတွေရဲ့ ရွေးချယ်မှုကို limit လုပ်ပြီး အပြစ်ပေးတာ။ ရွေးချယ်မှု အထိုက်အလျောက်ရှိရင် လူတွေ ပိုပျော်တယ်။ ဒါ့ကြောင့် လုပ်ဆောင်တဲ့ အလုပ်တိုင်းမှာ တစ်ခုထက်ပိုတဲ့ ရွေးချယ်မှုထားဖို့လိုတယ်။

Working Smart Myth

သာမာန်ပညာတတ်တွေဟာ Work Smart ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ concept နဲ့ သင့်ကို ပြောလိမ့်မယ်။ ဒါတစ်ခုတည်းကို ပြောရင် ဒီလူအခြေနေကို ကြည့်လိုက်ပါ။ သိပ်မအောင်မြင်သေးတဲ့ သူဖြစ်လိမ့်မယ်။ Work Smart အရေးကြီးတာမှန်ပေမယ့် သူ့ထက်ပိုအရေးကြီးတာ Work Hard ဖြစ်တယ်။ You have to work damn hard. သူဠေးကြီး လီကာရှင်းပြောသလို ပုံမှန် ၈ နာရီပြင်ပက အလုပ်ဟာ သင့်ကို အဆုံးဖြတ်ပေးမှာ။

Working Hard

တစ်ရက် ၈ နာရီအလုပ်လုပ်တာဟာ ကြိုးစားတာမဟုတ်ဘူး။ ပုံမှန်ဘဲ။ ၈ နာရီအလုပ်လုပ်ရင် လူအများစုက ကြိုးစားတယ် ထင်ကြတယ်။ ဒါဟာ ပုံမှန်ဘဲ။ တခြားနိုင်ငံမှာ 4 hours work week လို့ပြောတယ်။ ဒါတွေက Marketing Tactics တွေ။ ၈ နာရီအပြင် side project အတွက် တစ်ရက် နှစ်နာရီလောက်ထပ်လိုပါတယ်။

နားချိန်

တကယ်လို့ သင့်ရဲ့ side project က သာ Hobby ဆိုရင် ဒါဟာနားချိန်ဘဲ။ ဥပမာ Video ကြည့်တာ ကြိုက်တယ်ဆိုပါတေ ာ့ Video Review ပြန်ရေးလို့ရပါတယ်။ ဒီကနေ business ဖြစ်နိုင်တယ်။

Motivation

ဘာလုပ်ရမှန်းမသိဘူး။ motivation မရှိဘူးဆိုရင် ခု တစ်ခုခု စလုပ်ကြည့်ပါ။ မတူတဲ့ Idea ရလာပါလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​