Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘုံ ငါးဘုံ

ဘဝဆိုတာ ကိုယ်မကြိုက်တဲ့အလုပ်တွေလုပ်ပြီး
မကြိုက်တဲ့သူတွေ
ကိုယ့်ရဲ့အောင်မြင်မှုတွေကို မကြိုက်အောင်
လုပ်တဲ့ ကစားပွဲတစ်ခုဆိုရင်
တော်တော်လေး ပျင်းဖို့ကောင်းမှာပဲ။

ဘဝဆိုတာ ကိုယ်ကြိုက်တဲ့အရာတွေလုပ်ပြီး
ကြိုက်တဲ့သူတွေရဲ့
ကြိုက်တဲ့အရာတွေရအောင် ကူညီပေးတဲ့
ကစားပွဲတစ်ခုဆိုရင်
အားလုံးလဲ ကြိုက်ကြမှာပဲ။

ဘဝဆိုတာ ကိုယ့်ကိုယ်ကို
နားလည်အောင်ကြိုးစားတဲ့နေရာတစ်ခုပဲ။

ဗိုက်ဆာရင်တော့ ဗိုက်ပြည့်အောင်လုပ်ရမယ်။
နေစရာမရှိရင် နေစရာရှိအောင်လုပ်ရမယ်။
နောက်ဆုံးတော့ အဗရေဟန် မားစလိုး
Abraham Maslow ပြောသလို
လူ့လိုအပ်တွေက ဘုံငါးဆင့်။

လူ့ပြည်မှာသာလဲ ဘုံတွေရှိတယ်။
တချို့က စားဖို့ သောက်ဖို့ ပူရတဲ့ဘုံ။
တချို့က နေဖို့ ပူရတဲ့ဘုံ။
တချို့က အထီးကျန်ဘုံဘဝ။
တချို့က လူကြားမှာ
အောင်မြင်မှုတွေကို အူယားပြီး
အသိအမှတ်ပြု လက်ခုပ်သံတွေ
ဆာလောင်တဲ့ ဘုံဘဝ။
တချို့က မာယာများတဲ့
လောကနဲ့ ကိုယ်နဲ့ထိတွေ့မှုတွေကြောင့်
ဖြစ်လာတဲ့ ဓာတ်ပြုမှုတွေကို
နားလည်ချင်တဲ့ ဘုံဘဝ။

ဘုံဘဝကို တချို့က သုညကစတယ်။

Phyo Paing @ Derek

Share Your Idea!​