ငယ်ငယ်က ကိုယ့်ဘဝကို
“ဘောင်ဝင်” အောင် ကြိုးစားရတယ်။
ကြီးလာတော့ ကိုယ့်ဘဝ
“ဘောင်ပြင်” ထွက်အောင် ကြိုးစားရတယ်။
ဘောင်ဝင်အောင်
ပညာတတ်ဖြစ်တယ်ဆိုတာ
လူ့အဖွဲ့အစည်းအသိမှတ်ပြုဖို့
ဘွဲ့ယူရတယ်။
ပညာပိုတတ်တယ်ဆိုတဲ့
လူ့ဘောင်လေးဝင်ဖို့
ဒုတိယဘွဲ့ယူရပြန်တယ်။
လူတွေအသိမှတ်ပြုအောင်
လူတွေရှိန်အောင်
ဘာမှန်းမသိတဲ့ လက်မှတ်ပေါင်းများစွာ
လိုအပ်တယ်ထင်လိုက် ယူလိုက်။
ဟိုလူယူရင် ကိုယ်လဲယူလိုက်ရမှ
နောက်ကျမကျန်ခဲ့မယ်လို့ထင်တယ်။
မျက်နှာမွဲလေးက လူဝင်ဆံ့အောင်
ဘောင်ဝင်တဲ့သူတစ်ယောက်ဖြစ်အောင်
သရုပ်တွေဆောင်ရင်း
ကိုယ့်ဘဝက သူများအတွက်ဖြစ်နေခဲ့တယ်။
လူတွေလိုချင်တာကို ကိုယ်လိုချင်စရာမလိုဘူး။
ဒီိလိုနားလည်ပြီးနောက်မှာ
“ဘောင်ပြင်” ထွက်ချင်လာတယ်။
လူတွေသတ်မှတ်ထားတဲ့
အောင်မြင်သူတွေဆိုတာလဲ
ကိုယ်စီကိုယ်စီ စိတ်မလှုံခြုံမှုတွေနဲ့။
ဘဝမှာ အရေးကြီးဆုံးက
“အသက်ရှင်ပြီး အသက်ဝင်”နေဖို့လိုတယ်။
ဒါကြောင့် “ရွာပြင်” ကိုထွက်လာခဲ့တယ်။
“ဘောင်ဝင်”ပြီးမပျော်ရင်
“ဘောင်ပြင်”ထွက်ကြည့်ပါ။
ဘောင်ဆိုတာ အတားအဆီး။
လူ့ဘောင်။
ဒီအတားအဆီးအပြင်မှာ
မသေချာမှုတွေရှိသလို
လွတ်မြောက်မှုတွေလဲရှိတယ်။
Phyo Paing @ Derek