တချို့ လိုင်စင်လိုတဲ့အလုပ်တွေကလွဲရင်
ဒီနေ့ခေတ်က ပညာတတ်ဖို့ ဘွဲ့ရစရာမလိုဘူး။
ဘွဲ့ရလဲ ပညာမတတ်တဲ့သူအများကြီး။
ပညာသင်ဖို့မဟုတ်ဘဲ
ဘွဲ့ယူဖို့ပဲကျောင်းတက်တာက
အချိန်နဲ့ငွေကို မလကားဖြုန်းတီးတာပဲ။
ဒီနေ့ခေတ် ကျွန်တော်မြင်ဖူးတဲ့
တကယ့်ထူးချွန်သူအများစုက
ကိုယ်လေ့လာချင်တဲ့ပညာရပ်ကို
ကျောင်းကသင်ပေးလိုက်လို့မဟုတ်ဘူး
ကိုယ်တိုင်လေ့လာပြီး self-education နဲ့
ထူးချွန်လာကြတာများတယ်။
ကျောင်းတွေ၊ သင်တန်းတွေက
guideline ပေးနိုင်လိမ့်မယ်။
ထူးချွန်ပြောင်မြောက်ဖို့က
ကိုယ်တိုင်လုပ်မှ။
ဘယ်သင်တန်းကြောင့်
ဘယ်လိုအပြောင်းအလဲဖြစ်သွားတယ်ဆိုတာ
သင်တန်းတွေကြော်ငြာရင်တော့
အလုပ်ဖြစ် သင်တန်းသားတွေရတယ်။
တကယ်တန်း ဒီလိုဆာလောင်ကြိုးစားနေတဲ့သူက
ဘယ်သူ့ဆီတက်တက်အောင်မြင်မှာပဲ။
ဘာကြောင့်လဲဆို သူက အစဉ်တစိုက်
ကြိုးစားရှာဖွေပြီး အောင်မြင်အောင်လုပ်နေတာကိုး။
ပညာတတ်ဖို့ ဘွဲ့ရစရာမလို၊
ဘွဲ့ရတိုင်းလဲ ပညာမတတ်။
ပညာကိုဆာလောင်ဖို့လိုတယ်။
Phyo Paing @ Derek