ကိုယ် စာတကယ်ဖတ်တတ်ရဲ့လား။
လူအများစုက စာဖတ်ကြပေမယ့်
စာဖတ်တဲ့ နည်းစနစ်မမှန်ကြဘူး။
ဒါကြောင့် စာတစ်အုပ်ပြီးဖို့ တစ်ပတ်၊
ဆယ်ရက်ကြာတတ်သလို
တချို့ဆို ဒီထက်ပိုကြာနိုင်တာတွေ့ရတယ်။
စာအုပ်အမျိုးအစားအများကြီးရှိပြီး
ဒီမှာတော့ non-fiction တွေအပိုင်းကို
အဓိကထားပြောမယ်ဆိုရင်
ငယ်ငယ်ကကျောင်းမှာ စာဖတ်နည်း
သေချာ မသင်ပေးလိုက်ဘူး။
Elon Musk ငယ်ငယ်က တစ်ရက်ကို
စာနှစ်အုပ်လောက်ဖတ်တတ်တဲ့။
စလုံးထိပ်တန်းတက္ကသိုလ်တစ်ခုမှာ
ကလေးတွေ note-taking လုပ်တဲ့ပုံ
သူတို့ကို train ထားတဲ့ပုံကြည့်လိုက်ပြီး
ငါတို့ နောက်နှစ်သုံးဆယ်လဲ မီမှာမဟုတ်ဘူး
သိလိုက်တယ်။
စာတစ်အုပ်ဖတ်ရင်တော့ အခြေခံ
comprehension လိုတာပေါ့။
တရုတ်စာမတတ်ပဲ တရုတ်လို
speed-reading ဘယ်လုပ်လို့ရမလဲ။
ဒီ comprehension နားလည်မှုအဆင့်အတွက်
စကားလုံးတွေကိုနားလည်ဖို့လိုလာတယ်။
English လိုဖတ်ပြီဆိုရင် နားမလည်တဲ့
စကားလုံးတွေကို လိုက်ရှာနေမည့်အစား
အသုံးများတဲ့ စကားလုံးနဲ့ phrase
သုံးလေးထောင်လောက်ကို
တခါတည်းမှတ်လိုက်လို့ရတယ်။
စကားလုံးနည်းနည်းမြင့်တာလေးသုံးချင်ရင်
Princeton Review Word Smart တို့လို
သုံးလို့ရတယ်။
နောက် စကားလုံးမှတ်နည်းကို memory techniques
တွေသုံးရင် ပုံမှန်မှတ်တာထက်
၁၀ ဆက အဆ ၁၀၀ ပိုမှတ်နိုင်တယ်။
ဒါတောင် advanced technique တွေမဟုတ်သေးဘူး။
စာဖတ်တဲ့နေရာမှာ နောက်တစ်ပိုင်းက
retention မှတ်မိတဲ့ အပိုင်း။
လူအများစု စာဖတ်ရင် အလွန်ဆုံးလုပ်တာ
highlight လုပ်တာပဲ။
အဲ့ဒါက အခြေခံအကျဆုံးအဆင့်ပဲရှိသေးတယ်။
နောက်နှစ်ဆင့်လုပ်ရမှာက note-taking လုပ်ရတယ်။
Note-taking ကို linear note-taking method နဲ့လုပ်နေရင်
ဦးနှောက် အလုပ်လုပ်ပုံနဲ့ ပြောင်းပြန်ဖြစ်တဲ့အတွက်
ထိရောက်သင့်သလောက် မထိရောက်ဘူး။
Radiant Thinking ကိုအသုံးပြုတဲ့
Note-taking model ကိုအသုံးပြုသင့်တယ်။
နောက်တစ်ခုက ကိုယ်ဖတ်ထားတဲ့ information
အသေးစိတ် ၉၀% ကို 24 နာရီအတွင်းပျောက်ပြီ။
ဒါကို German က ပညာရှင်
Hermann Ebbinghaus (1850–1909) အတွင်း
စမ်းသပ်ထားတာ။
ဒါကြောင့် review ပြန်လုပ်ဖို့ နည်းစနစ်လိုတယ်။
နောက်စာတစ်အုပ်ဖတ်ရင် Think like an author ပေါ့။
ဒီစာရေးဆရာ ဘယ်လို စဥ်းစားလဲ စဥ်းစားရတယ်။
ဒါကို သူ့စာအုပ် structure လုပ်ထားတာ
ကြည့်ခြင်းအားဖြင့်သိနိုင်တယ်။
စနစ်ဆိုတာ မရှိရင် အလုပ်တွေလုပ်ရတာ
ပင်ပန်းပြီး ခရီးရောက်သင့်သလောက်မရောက်ဘူး။
ဘဝမှာ accelerated learning system ကို
ကျောင်းသားဘဝမှာ လုပ်ခဲ့လို့လဲ
နောက်ပိုင်းလေ့လာတဲ့အခါ မြန်နှုန်းမြင့်လာတာ။
ကျောင်းပြီးတော့ productivity system တည်ဆောက်တယ်။
ကိုယ်ပိုင်လုပ်ငန်းလေးစတော့ marketing system နဲ့
တဖြည်းဖြည်း ကိုယ်လုပ်တဲ့အလုပ်တွေကို
ရလဒ်အမြန်ဆုံးနဲ့ အကောင်းဆုံးရအောင်
စနစ်တည်ဆောက်ပြီး perfect ဖြစ်အောင်လုပ်သွားရမှာပဲ။
လိုရာခရီး အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ရောက်ဖို့
ကိုယ့်မှာ ဘာစနစ်တွေ ရေရေရာရာရှိပြီလဲ
ပြန်ပြန်မေးကြည့်ဖို့ လိုကောင်းလိုနိုင်တယ်။
Phyo Paing @ Derek