မတိုးတက်စေနဲ့။
တိုးတက်မှုရဲ့ အရသာကိုသိသွားရင်
စွဲစွဲလမ်းလမ်းဖြစ်သွားလိမ့်မယ်။
ဘဝကြီးက ရင်ခုန်ဖို့ကောင်းတယ်ဆိုတာ
သိလာလိမ့်မယ်။
ပိုက်ဆံရှိတဲ့သူတွေက ဘာကြောင့်
ပိုက်ဆံပိုရှိချင်လာသလဲ။
စာတော်တဲ့သူတွေက ဘာကြောင့်
စာတော်အောင်အမြဲကြိုးစားကြသလဲ။
ပညာတတ်တဲ့သူတွေက
ဘာကြောင့် ပညာပိုတတ်ချင်ကြသလဲ။
ခန္ဓာကိုယ်လှပြီးတဲ့သူတွေက
ဘာကြောင့်ပိုလှဖို့ အားထုတ်ကြသလဲ။
ဘာကြောင့်လဲဆို သူတို့ကအရသာကိုသိသွားလို့။
ကိုယ့်ဘဝအပြောင်းအလဲဖြစ်ဖို့က
အရသာလေးကို စသိလိုက်ဖို့ပဲလိုတယ်။
တိုးတက်မှုကလဲ အဲ့လိုပဲ။
အရသာကို သိသွားရင်စွဲလမ်းသွားလိမ့်မယ်။
Phyo Paing @ Derek