Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မတူညီတဲ့လူတွေက
spirituality ကိုအဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။

Spirituality ဆိုတာ ကိုယ့်ရဲ့နှလုံးသား
အသံကို ပြန်နားထောင်တာ။
တချို့အတွက်က လောကကြီး
ယူနီဗာ့ Universe က ပြောတဲ့
အသံကို ပြန်နားထောင်တာ။
တချို့အတွက်ကျတော့
အာရုံငါးပါးထက်ကျော်ပြီး
အဆင့်မြင့်အသိဥာဏ်ကိုရတာလဲ
ဖြစ်ကောင်းဖြစ်မယ်။

မတူညီတဲ့ ဆရာတွေနဲ့
မတူညီတဲ့လူတွေက
အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။

Carl Jung ကာယွန်းကတော့
Synchronicity ဆိုပြီးဆိုတယ်။
ဘဝမှာ ရုန်းကန်ခြင်း၊
ဘဝပေးကံကြမ္မာမှာ
အရာရာပိုကောင်းဖို့ဖြစ်လာတာပါဆိုတဲ့စိတ်နဲ့
အဖြစ်အပျက်တွေကို
အဓိပ္ပာယ်ဖွင့်တတ်ကြတယ်လို့ဆိုတယ်။

Osho အိုရှိုး ကလဲ
တခြားသူတွေရဲ့ ငှားထားတဲ့အသိပညာ
borrowed knowledge တွေနဲ့
spirituality ကိုယ့်ကိုကိုယ်ပြန်မရှာနဲ့။
တရားထိုင်၊ ကိုယ့်ကိုကိုယ်ပြန်လေ့လာ၊
တွယ်တာမှု attachment တွေလျော့လို့ဆိုတယ်။
လူတွေက ကိုယ်ပိုင်းဆိုင်ရင်၊
စိတ်ပိုင်းဆိုင်ရာနဲ့
ဝိညာဉ်ရေးရာလွတ်လပ်မှုတွေရှိတယ်တဲ့။
physical, emotional and spiritual freedom တဲ့။

ဗုဒ္ဓဘာသာမှာတော့ spiritual practice မှာ
သီလ၊ သမာဓိ၊ ပညာကောင်းဖို့
အသိ၊ သတိအစရှိတဲ့ မဂ္ဂင်ရှစ်ပါးနဲ့
ကြိုးစားအားထုတ်ရင် အမှန်တရား
nature of reality ဖြစ်တဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တ nonself ကို
သိလာပြီး ဘဝဆိုတာ ဒုက္ခလို့
နားလည်လာမယ်။
သစ္စာလေးပါးကို နှလုံးသားနဲ့
ခံစားလို့ရလာမယ်။
သံသရာထဲမှာ အဝိဇ္ဇာ နဲ့ တဏှာ
တွန်းအားနဲ့ ၃၁ ဘုံထဲကျင်လည်နေတယ်တဲ့။

တချို့အတွက်က ဘုရားနဲ့စကားပြောတဲ့
spiritual dialogue တွေလုပ်ပြီး
ဘဝအဓိပ္ပာယ်အဖြေရှာကြတယ်။
တချို့အတွက်ကျတော့ Drake ရဲ့
God’s Plan သီချင်းထဲကလိုပဲ
အရာရာပိုကောင်းဖို့ဘုရားကစီမံပေးထားတယ်
ဆိုတဲ့အတိုင်းဖြစ်နိုင်တယ်။

Michael Alan Singer မိုက်ကယ်စင်ကာက
ကိုယ့်ခေါင်းထဲက အသံ
inner voice တွေကိုနားထောင်ပြီး
intuition အလိုလိုသိစိတ်ရဲ့
ညွှန်ရာကိုလုပ်ဆိုပြီး
တရားနည်းပြလုပ်ရာက
ဘီလီယံဒေါ်လာကုမ္ပဏီကြီးလုပ်ဖြစ်သွားတယ်။

မတူညီတဲ့လူတွေက
spirituality ကိုအဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။

တချို့ကျတော့လဲ
ဘာသာတရား religion ကြောင့်
spirituality ကို အနှောက်အယှက်မဖြစ်စေနဲ့တဲ့။

ကျွန်တော်ယူဆတာကတော့
လူတွေနဲ့ ဘေးပယောဂ noise တွေကြောင့်
ကိုယ့်ရဲ့ နှလုံးသားထဲက voice တွေကို
မပျောက်စေဖို့လိုတယ်။

ဒါကြောင့် နှလုံးသားအသံတွေနားထောင်ဖို့
ဘေးက noise တွေကိုလျော့ဖို့
ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်လေ့လာတဲ့
နေ့စဥ်ကိုယ့်ရဲ့ဖြတ်သန်းဖို့ကိုရေးတဲ့
journaling လုပ်တာ၊
တရားထိုင် meditation လုပ်တာ၊
ကိုယ့်အတွေးတွေကို ချရေးတဲ့
content creation လုပ်တာ
လုပ်ဖို့လိုတယ်လို့ယူဆတယ်။

Phyo Paing @ Derek

Share Your Idea!​