အိမ်တစ်အိမ်မှာတောင်
မတူညီတဲ့ အခန်းတွေထားသလို
ဘဝမှာလဲ မတူညီတဲ့ အခန်းတွေရှိတယ်။
ဧည့်ခန်း၊ ဘုရားခန်း၊ အိပ်ခန်း၊
အလုပ်စာပွဲ အစရှိသလိုပဲ။
ဘဝမှာလဲ မတူတဲ့ အခန်းတွေမှာ
မတူညီတဲ့ အတွေးအခေါ်တွေလိုတတ်တယ်။
ဥပမာ ပိုက်ဆံရှာတဲ့ အတွေးအခေါ်ကို
ပိုက်ဆံထိန်းသိမ်းတဲ့နေရာမှာ သုံးရင်
အကောင်းဆုံးဖြစ်ချင်မှဖြစ်မယ်။
မားကတ်တင်းလုပ်တဲ့အခါ
မားကတ်တင်းလိုတွေး၊
ငွေကြေးစီမံတဲ့အခါ
စီမံသူလိုတွေး၊
လုပ်ငန်းအုပ်ချုပ်တဲ့အခါ
လုပ်ငန်းအုပ်ချုပ်သူလိုတွေး၊
လုပ်ငန်း လေးငါးခုလုပ်ပြီး
ဦးဆောင်သူတွေနဲ့လွဲတဲ့အခါ
Group of companies ဦးဆောင်သူလိုတွေး။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay