ကိုယ့်ရဲ့ တစ်ရက်တာကို
ဘယ်လိုဖြတ်သန်းချင်သလဲ။
ကိုယ့်ရဲ့ တစ်ရက်တာကို
ဘယ်လို မဖြတ်သန်းချင်ဘူးလဲ။
ကိုယ့်ရဲ့တစ်ရက်တာမှာ
ဖြတ်သန်းခဲ့တဲ့ ဘယ်လိုပုံစံကိုကြိုက်သလဲ၊
ဘယ်လိုပုံစံကို မကြိုက်ဘူးလဲ။
ကျွန်တော်မြင်တာကတော့
နေ့တစ်နေ့က စုဗူးတစ်ခုလိုပဲ။
ဥစ္စာ၊ ပညာ၊ ကျန်းမာ၊ ခံစားမှုအတွေ့အကြုံ
အကုန်လုံး တိုးတက်နေရမယ်။
ဒါကြောင့် တစ်နှစ်တစ်ခါ
မတူညီတဲ့ identity တွေနဲ့နေကြည့်တယ်။
Phyo Paing @ Derek