တကယ်လို့ တစ်နှစ်သာ
တစ်မိနစ်ဖြစ်မယ်ဆိုရင်
သင်က ဘဝဆိုတဲ့ ကစားကွင်းမှာ
မိနစ် ၈၀ ပတ်ခြာလည်အချိန်ရမယ်။
တချို့တွေကလဲ မိနစ် ၂၀၊
တချို့ ၃၀၊
တချို့ ၄၀ သုံးပြီးကြပြီ။
ကျန်တဲ့ မိနစ် ၄၀၊ ၅၀၊ ၆၀ ကို
ဘယ်လို အသုံးပြုကြမလဲ?
လူသားအတွေ့အကြုံတွေကို
အကောင်းဆုံးရယူဖူးပြီးပြီလား။
ကိုယ်သွားချင်တဲ့ နိုင်ငံတွေ သွားဖူးပြီးပြီလား။
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လုပ်ဖူးပြီးပြီလား။
ကိုယ်ဖြစ်ချင်တဲ့ အချစ်ရေးပုံစံ၊
ကိုယ်ဖန်တီးချင်တဲ့ အရာတွေ၊
ကိုယ်လုပ်ချင်တယ်လို့ စိတ်ကူးထားတဲ့အရာတွေ
အကုန်လုပ်ပြီးပြီလား?
ကိုယ်ရှာချင်တဲ့တရား ရှာနေပြီလား?
မနက်ဖြန်သာ ရုတ်တရက်
သေသွားမယ်ဆိုရင် လူဖြစ်ရတာတန်ပြီလား?
Phyo Paing @ Derek