Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။

ကိုယ့်ဘဝ ကိုယ်ကြုံတွေ့နေရတဲ့
ပြဿနာတိုင်းဟာ
ကိုယ်ဖန်တီးထားတာ။
ဒါကတော့ ဗုဒ္ဓဆိုဆုံးမခဲ့တဲ့
တရားတော်ပဲ။

ကံသဘောတရားကို သီးသန့်ပြောရရင်
“ခုဒ္ဒကနိကာယ်” ထဲက “ဓမ္မပဒ” မှာလည်း
ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။

ဥပမာ ဓမ္မပဒ ပထမဂါထာမှာ

“မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမန္ဝေတိ စက္ကံဝ ဝဟတော ပဒံ။”

ဆိုလိုတာက
“စိတ်သည် တရားအလုံးစုံတို့၏
ရှေ့သွားဖြစ်၏။
စိတ်သည် အမြတ်ဆုံးဖြစ်၏။
တရားအလုံးစုံတို့သည် စိတ်ဖြင့်
ဖန်ဆင်းအပ်ကုန်၏။
ညစ်ညူးသော စိတ်ဖြင့်
ပြောဆိုပြုမူလျှင်
ဝန်များကို သယ်ဆောင်သော
နွားကို ဘီးသည် လိုက်သကဲ့သို့
ဆင်းရဲသည်
ထိုသူနောက်သို့ လိုက်လတ္တံ့။”

အတွေးနောက် စကားပါ။
စကားနောက် လုပ်ရပ်ပါ။
လုပ်ရပ်နောက် ရလဒ်ပါ။

မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။

Phyo Paing @ Derek

drphyopaing

Share Your Idea!​