Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မနေ့က စားသောက်ဆိုင်တစ်ဆိုင်သွားတယ်။

ကျွန်တော်စဥ်းစားကြည့်တယ်။
ဒီဆိုင်ကို ပြိုင်ဖက်အနေနဲ့
သူ့ဆိုင်လုံးဝမသွားချင်တော့ပဲ
ဘေးဆိုင်ပဲလာစေချင်အောင်
အသရေဖျက်တဲ့အခါ
ဘယ်လို အကွက်ပြန်ရွေ့မလဲ။

Ming Fa ဆိုတဲ့ တရုတ်တန်းကခေါက်ဆွဲဆိုင်လေး။
The time to wait is longer than the time to eat.
That’s why, the customers at Ming Fa
are called “Waiter”, the losers.
စားတဲ့အချိန်ထက် Q လုပ်တန်းစီရတဲ့အချိန်ကပိုကြာတယ်။
ဒါကြောင့် သူ့ဆိုင်စားတဲ့သူတွေက
အားယားပြီး စောင့်သူတွေ။
ဒီလို ကိုယ့်ပြိုင်ဖက်က တစ်ကွက်ရွေ့လိုက်ပြီဆိုပါတော့။
ကိုယ်ဘယ်လိုပြန်လုပ်မလဲ။

Yes, you are right.
The time to wait is longer than the time to eat.
And, you know why?
Yes, we are tasty. 😋
That’s why, we have been here in Chinatown
since 1952.
People love us.
It takes time to cook.
What’s the reason?
Because it’s delicious.
That’s why we have been here since 1952.

လူတွေပြောကြတာမှန်တယ်။
စားတာထက် စောင့်တဲ့အချိန်ကပိုကြာတယ်။
ဘာကြောင့်လဲ?
စားလို့ကောင်းလို့ပေါ့။
ဒါကြောင့် 1952 ကတည်းက
ဒီအချိန်ထိရပ်တည်နေတာ။

There are four types of restaurants and food shops.
1. Not tasty, Not healthy
2. Not tasty, but Healthy
3. Tasty, not healthy
4. Tasty, and healthy

It’s easy to make it tasty, just by adding MSG. Be conscious of what you put into your mouth.

စားသောက်ဆိုင်လေးဆိုင်ရှိတယ်။
၁။ အရသာမကောင်းဘူး၊ မကျန်းမာဘူး
၂။ အရသာမကောင်းဘူး၊ ကျန်းမာတယ်
၃။ အရသာကောင်းတယ်၊ မကျန်းမာဘူး
၄။ အရသာကောင်းတယ်၊ ကျန်းမာတယ်။

အရသာကောင်းဖို့လွယ်တယ်၊ ဟင်းချိုမှုန့်ထည့်ရုံပဲ။
ကျန်းမာဖို့ ကိုယ့်ပါးစပ်ထဲထည့်တာကို ဂရုစိုက်ပါ။

What’s your next move?
ကဲ ခင်ဗျားအလှည့်ပဲ။

ကိုယ့်တော်တို့ကို Industry တူတွေက
မသိမသာ ဂျင်းထည့်နိုင်တယ်။
ကိုယ့်ကို ဂျင်းထည့်တဲ့ကောင်ကို
ပိုဂျင်းထည့်နိုင်အောင်
Marketing Chessboard
ဂိမ်းလေးတော့လေ့ကျင့်ထားဖို့လိုတယ်။

ကျွန်တော်ကတော့ ဒီ Marketing Chessboard
Game တစ်ခု ထွင်နေတယ်။

Guerrilla Marketing Coach
Low cost, high impact
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar

Share Your Idea!​