Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မန်နေဂျာတစ်ယောက်ရဲ့
အဓိက တာဝန်က

မန်နေဂျာတစ်ယောက်ရဲ့
အဓိက တာဝန်က ဆုံးဖြတ်ချက်ချရတယ်။
ဆုံးဖြတ်ချက်ချဖို့ စဥ်းစားတတ်ရတယ်။
လူနဲ့ စနစ်ကို အသုံးပြုပြီး
ရည်မှန်းချက်ပန်းတိုင်ရောက်အောင်
လုပ်ရမှာဖြစ်တဲ့အတွက်
လူအကြောင်းနားလည်ရတယ်။
ကိုယ်လုပ်တဲ့ အလုပ်စနစ်အကြောင်းနားလည်ရတယ်။
စဥ်းစားတတ်ရတယ်။

လူတစ်ယောက် အလုပ်လုပ်တာတော်တိုင်း
တော်တဲ့ မန်နေဂျာမဖြစ်ဘူး။

မန်နေဂျာတစ်ယောက်က
စီမံကိန်း plan ကောင်းကောင်းချရတယ်။
ဘယ်သူက ဘယ်အလုပ်ကို
ဘယ်အချိန်မှာ ဘယ်လိုပြီးအောင်လုပ်မလဲ။
ဒါလုပ်ဖို့ ဘာတွေလိုအပ်မလဲ။
ဘာတွေ မှားနိုင်သလဲ။
ကြိုတင်ဘာတွေကာကွယ်မလဲ။
လုပ်ဆောင်နေတာ ဘယ်လောက်ရောက်ပြီလဲ။
ဘယ်အချိန် plan အကောင်အထည်ပေါ်မလဲ။

ဒါတွေ လုပ်ဆောင်နိုင်ဖို့
စဥ်းစားတတ်ဖို့လိုတယ်။
စိတ်ရှည်ဖို့လိုတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​