Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မန်နေဂျာ တကယ်စစ်ရဲ့လား။

မန်နေဂျာ တကယ်စစ်ရဲ့လား။
မန်နေဂျာဆိုတာ မန်နေ့မန့်အာဏာရှိတယ်။
အာဏာဆိုတာ ဆုံးဖြတ်ပိုင်ခွင့်။
ဆုံးဖြတ်ဖို့ ရွေးချယ်မှုပြုလုပ်ရတယ်။
ရွေးချယ်မှုပြုလုပ်တဲ့အခါ စဥ်းစားရတယ်။
စဥ်းစားခြင်းရဲ့ရန်သူက စိတ်ခံစားမှု။

အရှိကို အရှိအတိုင်း အနီးစပ်ဆုံးမြင်နိုင်ဖို့
စိတ်ခံစားမှု ကောင်းတာ၊ ဆိုတာကို
ကျော်လွှားနိုင်ဖို့လိုတယ်။

ကျော်လွှားပြီး စဥ်းစားတဲ့အခါ
ယုတ္တိကျကျ ထိုးဖောက်စဥ်းစားတတ်ဖို့
critical thinking လိုတယ်။
ကိုယ်စဥ်းစားတဲ့ logic တိုင်းမှာ
ဟာကွက်တွေကို လိုက်ရှာရတယ်။

နှဖူးပေါ်လက်တင်ပြန်လည်စဥ်းစားတဲ့
reflective thinking စဥ်းစားတတ်ဖို့လိုတယ်။
ဥပမာ ကိစ္စတစ်ခုပေါ်လာတဲ့အခါ
ငါတို့အရင်က ဒီ ပြဿနာကြုံဖူးလား၊
ဘယ်လိုဖြေရှင်းခဲ့သလဲ။

နောက် ပြဿနာအဖြေရှာဖို့
စာအုပ်ထဲမပါတဲ့ အဖြေရှာနိုင်တဲ့
ဆန်းသစ်တဲ့ creative thinking လိုတယ်။

ကမ္ဘာကျော် MBA အတန်းတိုင်းက
ဝင်ခွင့် GMAT – Graduate Management
Assessment Test ဆိုတာဖြေရတယ်။
critical thinking ဖြေကို ဖြေရတယ်။

ကိုယ့်လုပ်ငန်းမှာ မန်နေဂျာခန့်မယ်ဆိုရင်
Critical Thinking အတွက်
test လေးတော့ လုပ်သင့်တယ်။
ပြီးမှ အမှတ်ပေါ်မူတည်ပြီး ခန့်ထားသင့်
မထားသင့် ဆုံးဖြတ်တာ ပိုကောင်းနိုင်တယ်။

ဒီအတွက်လဲ မခက်ပါဘူး။
GMAT မေးခွန်းတွေ အများကြီးရှိနေတာ
အင်္ဂလိပ်လို မရရင်
မြန်မာလို ပြန်လိုက်ရင်ရပြီ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​