ပျော်ချင်ရင် မတူညီတဲ့ နယ်ပယ်မှာ
လုပ်နေတဲ့သူနဲ့ ကိုယ်နဲ့ မနှိုင်းယှဥ်နဲ့။
ကိုယ်နဲ့ စူပါပါဝါမတူညီတဲ့သူနဲ့
သွားမနှိုင်းယှဥ်နဲ့။
ဘဝရဲ့ပေးထားချက်နဲ့
ဖြေရှင်းနေတဲ့ပုစ္ဆာမတူညီတဲ့သူနဲ့
သွားနှိုင်းမယှဥ်နဲ့။
လူတိုင်း ဘဝရဲ့ပေးထားချက်မတူသလို
ဖြေရှင်းနေတဲ့ပုစ္ဆာ၊
ဒုက္ခတိုင်းရဲ့ နောက်ကွယ်က
ဘဝရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မတူကြဘူး။
လူတွေနဲ့ မပြိုင်ပဲ နိုင်အောင်လုပ်လို့ရပါတယ်။
Phyo Paing @ Derek