1. Competition Vs Creation
ပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကို ကျစေပါတယ်။ ပြိုင်ဆိုင်မယ့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့ စဉ်းစားပါ။
ဥပမာ Apple ကို Steve Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes, iPod, iPhone, App Store, iPad တွေကို အစီအရီ ဖန်တီးသွားပါတယ်။
2. Focus
ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းစတာ ပြိုင်ဖက်ကို အနိုင်ယူဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ဖို့ဖြစ်ပါတယ်။
ဒါကြောင့် ယှဥ်ပြိုင်မှုကိုပဲ အာရုံစိုက်မယ့်အစား ကိုယ့်လုပ်ငန်းရဲ့ Vision နဲ့ Mission တွေကိုအာရုံစိုက်ပါ။
3. Know Your Niche
စီးပွားရေးလုပ်ငန်းတစ်ခုဟာ နေရာတိုင်းမှာ မအောင်မြင်နိုင်ပါဘူး။
ကိုယ်က ဘယ်နယ်ပယ် Niche ကိုဦးဆောင်မှာလည်း ?
ကိုယ့်လုပ်ငန်းရဲ့ အားသာချက် Critical Success Factor က ဘာလည်း ? သိအောင်လုပ်ပါ။
4. Think Differently
Coca Cola ဟာ ရောက်တဲ့နေရာတိုင်း အောင်မြင်ပါတယ်။
Coca Cola တရုတ်စျေးကွက်ကို ရောက်တဲ့ အခါ ဟောင်ကောင်အခြေစိုက် JDB Group ရဲ့ Jia Duo Bao brand ဟာ Chinese Medicine ပေါ်အခြေခံတဲ့ Herbal Tea နဲ့ ပြိုင်ပါတယ်။
ကိုယ်လုပ်နေကျပုံစံထဲက ခွဲထွက်ပြီး စဥ်းစားကြည့်ဖို့ လိုပါတယ်။
5. Positioning Map
မပြိုင်နဲ့ ဆိုပေမယ့် ပြိုင်ဘက်ကိုတော့ ရွေးချယ်နိုင်ပါတယ်။
ဥပမာ Xiaomi ဟာ ဖုန်းလောကထဲ ဝင်တဲ့အခါ ကိုယ့်လုပ်ငန်းက ဘယ်နေရာမှာ ရပ်တည်မှာလဲဆိုတဲ့ Positioning Map ကို အကောင်းဆုံးအသုံးပြုပြီး ပြိုင်ဖက်ကို ကောင်းကောင်းရွေးချယ်သွားပါတယ်။
ဒါကြောင့် 2010 ကနေ 2015 အတွင်း ပြိုင်ဖက်မရှိသလောက်ဖြစ်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။
6. MVP (Minimal Viable Product)
Product အစစ် မဟုတ်သေးခင် ပုံကြမ်း Prototypes အဆင့်ဟာ Idea Generation ကနေ စျေးကွက်ထဲမသွားခင်ကြားမှာ အရေးကြီးပါတယ်။
Creation လုပ်မယ်ဆိုကတည်းက product တိုင်းအောင်မြင်မှာမဟုတ်ပါဘူး။
ဥပမာ Facebook အနေနဲ့ ဒီနေ့လို App မထုတ်ခင် 2014 မှာ Flipboard နဲ့ ပြိုင်ပြီး Paper application ကို ထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒါကြောင့် Product အသစ်တစ်ခု ဖန်တီးတဲ့အခါ စျေးကွက်ရဲ့ တုံ့ပြန်မှုကို စမ်းသပ်တဲ့ MVP (Minimum Viable Product) အနေနဲ့ စနိုင်ပါတယ်။
7. Connecting the dots (Vision)
Amazon ဟာ စာအုပ် စရောင်းတယ်။
Offline Bookstore တွေဖြစ်တဲ့ Barnes & Noble ဟာ လူကြိုက်များတဲ့ စာအုပ်တွေနဲ့ စျေးကွက်မှာ ရှိနေပေမယ့်
Amazon ဟာ လူနည်းစုဖတ်တဲ့ စာအုပ်တွေ နဲ့ စျေးကွက်ကို စဝင်ပါတယ်။
နောက်ပိုင်း Online မှာ ပစ္စည်းမျိုးစုံရောင်းလာတဲ့အပြင် မကြာခင်က Whole Foods ကို ဝယ်ပြီး ဟင်းသီးဟင်းရွက်စျေးကွက်ထဲကို ဝင်ရောက်လာပါတယ်။
Vision ဟာ အင်မတန်အရေးကြီးပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ Strategic Planning Vs Strategic Thinking ကို သေချာသိအောင်လုပ်ရပါတယ်။
နောက် Example တစ်ခုက OnePlus ဖုန်းပါ။
Xiaomi Business Model ကို တိုက်ရိုက် copy ကူးပေမယ့် Xiaomi ရဲ့ပြိုင်ဖက် ဖြစ်မလာပါဘူး။
ဘာကြောင့်လည်းဆိုရင် Xiaomi ရဲ့ Vision ဟာ Lifestyle brand တစ်ခုအနေနဲ့ သွားမှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
လုပ်ငန်းတွေအတွက် Vision ဟာ ပြိုင်ဘက်တွေနဲ့ ကွဲထွက်စေတဲ့ အရေးကြီးတဲ့အချက်တစ်ချက်ပါ။
AkyanPay
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay