တခြားတစ်ယောက်နဲ့
တိုက်ရိုက်ပြိုင်ရအောင်
ကိုယ့်ရည်မှန်းချက်က
အဲ့လောက် မနိမ့်ဘူး။
ဒါကတော့ ကျွန်တော်
စဥ်းစားတဲ့ပုံစံတစ်ခုပေါ့။
ဘာကြောင့်လဲဆိုတော့
ကျောင်းတုန်းက အဆင့် ၁ ပြိုင်ပြီး
အဆင့် ၁ ရခဲ့တဲ့သူတွေ
အခုဘယ်ရောက်သွားပြီလဲ။
အလုပ်ခွင်တုန်းက
ရာထူးတိုးဖို့ စကားတွေဟိုပို့ဒီပို့
ရုံးတွင်းပါဝါပြိုင်တဲ့သူတွေ
ဘယ်ရောက်သွားပြီလဲ။
ဆိုင်ဖွင့်တုန်းက အမြဲကိုယ့်ဆိုင်လာ
စျေးမေးပြီးပြိုင်တဲ့သူတွေ
ဘယ်ရောက်သွားပြီလဲ။
ကိုယ်ဖွင့်နာမည်ပေးခဲ့တဲ့
ဒီပလိုမာပုံစံမျိုးကိုပဲ
နာမည်တူလိုက်ပေးပြီး
တူယောင်လိုက်ကူးတဲ့သူတွေ
ဘယ်ရောက်သွားပြီလဲ။
ကိုယ့်သင်တန်းအပေါ်မှာ
ကိုယ်ဖွင့်တဲ့သင်တန်းနဲ့တစ်ပုံစံထဲက
သင်တန်းကြေး တစ်ဝက်နဲ့သင်တဲ့ကျောင်းတွေ
ဘယ်ရောက်သွားပြီလဲ။
ကိုယ်တင်တဲ့ ပိုစ့်တိုင်းကို
ပေ့နောက်တစ်ခုထောင်
အကုန်လိုက်ကူးတဲ့ ပေ့တွေ
ဘယ်ရောက်သွားပြီလဲ။
အဲ့လိုမျိုးပဲ စဥ်းစားလိုက်တယ်။
ဘာကြောင့်လဲဆိုတော့
“မပြိုင်ဘဲ နိုင်အောင်လုပ်ပါ”
ဒီအတွေးအခေါ်လိုပဲ။
လူတိုင်းသွားနေတဲ့လမ်းကြောင်းတွေ
မတူကြဘူး။
ကိုယ်ဖြစ်ချင်တာနဲ့
တခြားသူဖြစ်ချင်တာမတူဘူး။
ကိုယ်သွားတဲ့လမ်းမှာ
ကိုယ့်မဟာဗျူဟာ
ရေရှည်ရည်မှန်းချက်ပန်းတိုင်နဲ့ကိုယ်ပဲ။
တခြားသူတစ်ယောက်နဲ့
တိုက်ရိုက်ပြိုင်ရအောင်
ကိုယ့်ရည်မှန်းချက်က
အဲ့လောက်မနိမ့်ဘူး။
ဒါကြောင့် မပြိုင်ဘဲနိုင်အောင်လုပ်ပါ
ဒီအတွေးအခေါ်ကို လက်ကိုင်ထားမိတယ်။
Phyo Paing @ Derek