ကြည့်တိုင်း မြင်ဖို့၊
မြင်တိုင်း သိဖို့၊
သိတိုင်း နားလည်ဖို့။
နားလည်မှု အဆင့်မြင်လေလေ
လောက အမြင်မတူလေလေ၊
လောကကို ကြည့်တဲ့အကြည့် မတူလေလေ။
ကြက်ဥတစ်လုံးပြုတ်ပြီး
အစိမ်းပြန်မဖြစ်တော့တာကို
ဓာတုဇီဝ ပညာရပ် biochemistry မှာ
secondary denaturation လို့ခေါ်တယ်။
နားလည်မှု တစ်ဆင့်မြင့်သွားတာနဲ့
မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီး
အရင်အတိုင်း ပြန်မဖြစ်တော့ဘူး။
Phyo Paing @ Derek