လူတွေမြင်အောင် အောင်မြင်တဲ့အခါ
တချို့က မုဒိသာပွားနိုင်ပေမယ့်
လူတချို့ရဲ့ အတွင်းသဘောအရ
ငါကျန်ခဲ့ပြီဆိုတဲ့ ခံစားချက်ဝင်တတ်တယ်။
လိုတာထက်ပိုပြီး အောင်ပွဲခဏခဏခံပြရင်
မလိုအပ်တဲ့
အန္တရာယ်တွေ ဖိတ်ခေါ်မိသလိုဖြစ်တတ်တယ်။
ဒါကြောင့် တခါတလေ
လူတွေ မမြင်အောင်
အောင်မြင်တာကလဲ
ကောင်းတဲ့ အချက်တစ်ခုဖြစ်နိုင်တယ်။
(ကိုယ့်အဓိက ငွေတွေ
ဘယ်ကဝင်နေလဲ မသိစေနဲ့။
ကိုယ့်ရဲ့အဓိကအောင်မြင်မှုဝှက်ဖဲကို
အကုန်မပြနဲ့။
အဲ့လိုတော့ ပညာရှိတွေက
အကြံပေးကြတာကြားဖူးကြလိမ့်မယ်။
အယူအဆ ကွဲပြားမှုတွေ
ရှိကောင်းရှိကြလိမ့်မယ်။)
Phyo Paing @ Derek