လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့က
ဘဝရဲ့ ရည်မှန်းချက်။
မပြိုင်ဘဲ ကိုယ့်အထာနဲ့ကိုယ်
နိုင်အောင်လုပ်ဖို့က
ဘဝရဲ့ မဟာဗျူဟာ။
ကိုယ်မပါဘဲလည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ချင်တာ
ဘဝရဲ့ ဝါသနာ။
အိပ်နေလဲငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်တာက
ဒီနေ့ခေတ်ရဲ့ နည်းပညာအရ
လုပ်ကိုလုပ်သင့်တဲ့ အခွင့်အလမ်း။
ရေရှည်တည်တံ့ဖို့
မရှာဘဲ လာအောင်လုပ်တဲ့
အမှတ်တံဆိပ်တည်ဆောက်ခြင်းဆိုတာ
နေ့စဉ် ရင်းနှီးမြုပ်နှံမှု။
ပထမတစ်ခုအတွက်
ကိုယ့်ကိုကိုယ် တိုးတက်ရေး
Personal Development လိုတယ်။
ဒုတိယတစ်ခုအတွက်
အသက်မွေးပညာ ကျွမ်းကျင်မှု
စဉ်းစားနိုင်စွမ်း
Professional ခံယူချက်လိုတယ်။
တတိယတစ်ခုအတွက်
လုပ်ငန်းစီမံနိုင်တဲ့
Business Development လိုတယ်။
ခေတ်အခါအရ
နည်းပညာအသုံးချနိုင်ဖို့လိုတယ်။
Creator တွေ၊
နည်းပညာ tech လိုတယ်။
လိပ်ပြာတွေ ဖမ်းတာထက်
လိပ်ပြာတွေလာစေချင်ရင်
ဥယျာဉ်ကြီးဖန်တီးတာက
ပိုယုတ္တိကျတယ်။
ဒီလိုလုပ်ဖို့ မရှာဘဲ လာအောင်လုပ်ပါ။
Phyo Paing @ Derek