ခေါင်းထဲမှာရှိတဲ့အသံတွေရှိတယ်။
ခေါင်းထဲက အသံတွေကို နားထောင်တယ်။
အဲ့ဒါလုပ်လိုက်လို့ပြောရင် လုပ်လိုက်တယ်။
Michael A. Singer ရဲ့
The Surrender Experiment ကိုဖတ်ပြီး
ဒီ inner voice ဘယ်လောက်
အရေးကြီးလဲဆိုတာ ပိုသဘောပေါက်လာတယ်။
ဒီ power ကို အသုံးပြုနိုင်ဖို့လိုတယ်။
Feb လဆန်း 2014 မနက် အိမ်ကထွက်လာပြီး
၂၆ လမ်း၊ လမ်း ၈၀ ထောင့်ရောက်တော့
မင်းအလုပ်ထွက်လိုက်တော့တဲ့။
ဘယ်က ဘယ်လိုအတွေးရောက်လာလဲမသိဘူး။
ရုံးရောက်ရောက်ချင်း
March လ ကုန်ထွက်မယ်ဆိုပြီး
resign တင်လိုက်တယ်။
အဲ့အချိန်က တော်တော်ကောင်းတဲ့
အလုပ်လို့ပြောရင် မမှားဘူး။
နောက် 1 April 2014 မှာ ဆိုင်စဖွင့်တယ်။
ဆိုင်ထိုင်နေရင်းနဲ့ ငါဘာလုပ်ရင်ကောင်းမလဲ
စဉ်းစားကြည့်တော့ သင်တန်းကျောင်းဖွင့်ဆိုတော့
1 June 2015 မှာ စလိုက်တာပဲ။
ပုံမှန် အကြံပေး Mini-MBA ဖွင့်ဖို့
စဉ်းစားနေတာ ကြာပြီ။
၁၂ ပတ် commit လုပ်ရမှာမို့
နေ့ရွေ့ညရွေ့လုပ်နေတာ။
မနက်မှာ မင်းဖွင့်လိုက်တော့ဆို
Status ကောက်တင်လိုက်တယ်။
ရက်ပိုင်းနေတော့ လူပြည့်သွားတယ်။
4 Sep 2021 ပြင်ဦးလွင်နားက
The view မှာထိုင်နေရင်း
ငါ body transformation လုပ်ရမယ်
အတွေးဝင်လာတယ်။
၂ လ၊ ၃ လ အချိန်ပေးလိုက်တယ်။
ပေါင် ၄၀ လောက်ကျသွားတယ်။
ကြားထဲမှာ ထူးခြားတဲ့အချက်တွေ
ဘဝရဲ့ ဆုံးဖြတ်ချက်ကြီးတွေ
အဲ့ ဒီအသံနဲ့ပဲ ကောက်လုပ်လိုက်ဖြစ်တယ်။
ကိုယ့်ရဲ့ inner voice ကို
နားထောင်ကြည့်ဖို့ အရေးကြီးတဲ့အချိန်တွေ
ရှိတတ်တယ်။
မသိစိတ်ရဲ့စွမ်းအားကို လျော့မတွက်နဲ့။
Phyo Paing @ Derek