AI ကို အသုံးပြုတဲ့ သုံးဆင့်
လူအများစုက ပထမဆင့်မှာ ရပ်နေတယ်
အဆင့် ၁ — Information —
AI ကို မေးတယ်
AI က ဖြေတယ်
ပြီးတယ်
“ဒီစာကြောင်း ဘာ အဓိပ္ပာယ်လဲ”
“ဒီ email ဘယ်လို ပြန်ရေးရမလဲ”
“မြန်မာပြည် GDP ဘယ်လောက်လဲ”
Google ကို အစားထိုးတာ
ဒါပဲ
လူ ၉၀% က ဒီဆင့်မှာ ရပ်နေတယ်
AI ကို စားပွဲထိုး လို သုံးနေတယ်
မေးတာ ဖြေ မေးတာ ဖြေ
ဒါ AI ရဲ့ ၁% ပဲ သုံးတာ
အဆင့် ၂ — Transformation —
AI ကို မေးတာ မဟုတ်တော့ဘူး
AI နဲ့ ကိုယ့် အလုပ်လုပ်ပုံကို ပြောင်းတာ
Report ရေးတာ ၃ နာရီ ကြာတယ်
AI နဲ့ ၂၀ မိနစ်
Content ၁ ခု ဖန်တီးဖို့ ၁ နေ့ ကြာတယ်
AI နဲ့ ၁ နာရီ
Data analysis ၁ ပတ် ကြာတယ်
AI နဲ့ ၁ ညနေ
ဒီဆင့်မှာ AI က tool မဟုတ်တော့ဘူး
Partner
ကိုယ့်အချိန်ကို ပြန်ရတယ်
ကိုယ့် output ကို ဆ ၅ ဆ ၁၀ တိုးတယ်
ကိုယ်တစ်ယောက်ထဲနဲ့ team ၁ team စာ ထုတ်နိုင်တယ်
ဒါပေမဲ့ သုံးဆင့် ရှိတယ် ဆိုတော့
တတိယဆင့် ရှိသေးတယ်
အဆင့် ၃ — Creation —
AI က ကိုယ့်ကို ကူတာ မဟုတ်တော့ဘူး
ကိုယ်နဲ့ AI က အတူ ဖန်တီးတာ
ကိုယ်တစ်ယောက်ထဲ ဆိုရင် မစဉ်းစားမိမယ့် idea တွေ
AI နဲ့ ဆိုရင် ထွက်လာတယ်
ကိုယ်တစ်ယောက်ထဲ ဆိုရင် မလုပ်နိုင်မယ့် business model
AI နဲ့ ဆိုရင် တည်ဆောက်လို့ ရတယ်
ကိုယ်တစ်ယောက်ထဲ ဆိုရင် ၃ နှစ် ကြာမယ့် project
AI နဲ့ ဆိုရင် ၃ လ နဲ့ ပြီးတယ်
ဆင့် ၁ မှာ AI က အဖြေပေးတယ်
ဆင့် ၂ မှာ AI က အချိန်ပေးတယ်
ဆင့် ၃ မှာ AI က ဘဝ ပြောင်းပေးတယ်
ဆင့် ၁ — “AI ဘာလုပ်ပေးနိုင်လဲ”
ဆင့် ၂ — “AI နဲ့ ဘယ်လို ပိုမြန်မလဲ”
ဆင့် ၃ — “AI နဲ့ ဘာ ဖန်တီးမလဲ”
Information — ရှာတယ်
Transformation — ပြောင်းတယ်
Creation — ဖန်တီးတယ်
ကိုယ် ဘယ်ဆင့်မှာ ရပ်နေလဲ
အများစုက ဆင့် ၁ မှာ ရပ်နေတယ်
ဘာလို့လဲ ဆိုတော့ ဆင့် ၂ ၃ ကို ဘယ်လို သွားရမလဲ မသိလို့
မသိတာ အပြစ် မဟုတ်ဘူး
မသင်မလေ့လာတာ အပြစ်။
Phyo Paing @ Derek