Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မသိတဲ့သူကတော့ — ကိုယ့်ထဲက ရန်သူနဲ့ ကိုယ်ပဲ တိုက်နေရမယ်။ဘဝတစ်သက်လုံး။

ကိုယ့်ကိုကိုယ် သိတယ်ထင်တဲ့သူ အများကြီး ရှိတယ်။
ကိုယ့်ကိုကိုယ် တကယ်သိတဲ့သူ ရှားတယ်။

Psychoanalysis ဆိုတာ
စိတ်ကိုခွဲခြမ်းစိတ်ဖြာလေ့လာတဲ့ပညာ။

Sigmund Freud။ စိတ်ပညာရဲ့ ဖခင်။
သူ တွေ့ခဲ့တာ ရိုးရှင်းတယ်။
လူတွေရဲ့ ဆုံးဖြတ်ချက် အများစုက သိစိတ်ကနေ မလာဘူး။
မသိစိတ်ကနေ လာတယ်။

ကိုယ် ဘာလို့ ဒီလူကို ကြိုက်မိတယ်ဆိုတာ — ကိုယ် မသိဘူး။
ကိုယ် ဘာလို့ ဒီအလုပ်ကို ကြောက်တယ်ဆိုတာ — ကိုယ် မသိဘူး။
ကိုယ် ဘာလို့ အောင်မြင်တော့မယ်ဆိုရင် ကိုယ့်ကိုကိုယ် ဖျက်မိတယ်ဆိုတာ — ကိုယ် မသိဘူး။

အဖြေက မသိစိတ်ထဲမှာ ရှိနေတယ်။

Freud က လူ့စိတ်ကို ၃ ပိုင်း ခွဲတယ်။

Id — လိုချင်တာ ချက်ချင်း ရချင်တဲ့ အပိုင်း။
ငတ်ရင် စားချင်တယ်။ ဒေါသထွက်ရင် ထိုးချင်တယ်။ ကြိုက်ရင် ယူချင်တယ်။
Id က ကလေးလို — အကြောင်းကျိုး မစဉ်းစားဘူး။

Superego — မလုပ်ရဘူး ပြောနေတဲ့ အပိုင်း။
မိဘ ပြောခဲ့တာတွေ။ လူ့ကျင့်ဝတ်။ “ဒီလို လုပ်ရင် ကောင်းတဲ့ လူ မဟုတ်ဘူး”
Superego က တရားသူကြီးလို — အမြဲ စီရင်နေတယ်။

Ego — ဒီ ၂ ခုကြားမှာ ညှိနှိုင်းနေတဲ့ အပိုင်း။
Id က “လိုချင်တယ်” ပြောတယ်။
Superego က “မရဘူး” ပြောတယ်။
Ego က “ဒါဆို ဒီနည်းနဲ့ ယူ” ပြောတယ်။

ကိုယ့်ခေါင်းထဲမှာ ဒီ ၃ ယောက် နေ့တိုင်း ရန်ဖြစ်နေတယ်။
ကိုယ် မသိရုံပဲ။

ဒီကနေ Defense Mechanism ဆိုတာ ထွက်လာတယ်။

Id ရဲ့ လိုချင်မှုကို Superego က ခွင့်မပြုဘူး။
Ego က ဒါကို ဖုံးကွယ်ဖို့ နည်းလမ်း ရှာတယ်။

Projection — ကိုယ် မနာလိုတာကို မဝန်ခံဘဲ သူများကို “သူက မနာလိုတာ” လို့ ပြောတယ်။

Denial — ဖြစ်နေတာကို “မဖြစ်ဘူး” လို့ ကိုယ့်ကိုကိုယ် ပြောတယ်။

Rationalization — မှားတာ သိသိနဲ့ အကြောင်းပြချက် ရှာပြီး “ဒါ ဟုတ်တယ်” လို့ ပြောတယ်။

Displacement — Boss ဆီက ဒေါသကို
ဝန်ထမ်းဆီ ပြောင်းထုတ်တယ်။
ဝန်ထမ်းက အိမ်ပြန်ပြီး မိသားစုဆီ ထုတ်တယ်။

Sublimation — နာကျင်မှုကို ပန်းချီ ဆွဲတာ၊
စာရေးတာ၊ အလုပ်ထဲ မြှုပ်နှံတာနဲ့ ပြောင်းလိုက်တယ်။
Defense mechanism ထဲမှာ အကျိုးရှိဆုံး။
(ငယ်ငယ် စိတ်ညစ်စရာတွေများတုန်းက
အလုပ်ထဲမှာ လွတ်မြောက်မှုကိုရှာတယ်။
စိတ်ညစ်တိုင်း audible က စာအုပ်တွေနားထောင်ခဲ့ဖူးတယ်။)

ကိုယ့်ဘဝမှာ ဒါတွေ နေ့တိုင်း ဖြစ်နေတယ်။

ဝန်ထမ်းကို ဒေါသထွက်တာ — တကယ် သူ မှားလို့လား။
ဒါမှမဟုတ် ကိုယ့် frustration ကို
သူ့ဆီ displacement လုပ်နေတာလား။

Partner ကို အပြစ်တင်တာ — တကယ် သူ့အမှားလား။
ဒါမှမဟုတ် ကိုယ့် shadow ကို projection လုပ်နေတာလား။

အောင်မြင်တော့မယ့် အချိန်မှာ
ကိုယ့်ကိုကိုယ် sabotage လုပ်တာ —
Id က “ငါ ဒါနဲ့ မထိုက်တန်ဘူး” ပြောနေတာလား။

Freud က ပြောတယ်။
“Until you make the unconscious conscious,
it will direct your life and you will call it fate.”

ဒါ Jung ပြောတာလို့ လူအများစု ထင်ကြတယ်။
ဒါပေမယ့် Freud ရဲ့ အတွေးထဲက ထွက်လာတာ။

Psychoanalysis သိဖို့ လိုတာ
therapist ဖြစ်ဖို့ မဟုတ်ဘူး။

ကိုယ့်ကိုကိုယ် သိဖို့။
ကိုယ့် pattern ကို မြင်ဖို့။
ကိုယ့် defense ကို ဖြုတ်ဖို့။

ကိုယ့်အတွင်းထဲက စစ်ပွဲကို နားလည်တဲ့သူ
ပြင်ပ စစ်ပွဲ ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်တယ်။

မသိတဲ့သူကတော့ — ကိုယ့်ထဲက ရန်သူနဲ့ ကိုယ်ပဲ တိုက်နေရမယ်။
ဘဝတစ်သက်လုံး။

တစ်ခုခုစဥ်းစားမိမယ်လို့ထင်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​