Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။

လူတိုင်းမှာ ငုပ်လျှိုးနေတဲ့
အစွမ်းအစတွေရှိတယ်။
ဒါကို မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။

ဘဝမှာ ကိုယ့်အတွက် အရေးအကြီးဆုံးကို
“တန်ဖိုးထားမှု value” လို့ခေါ်တယ်။

ကိုယ့်တန်ဖိုးထားမှုက ကိုယ့်ရဲ့ ဓူဝံကြယ်ပဲ။
ကိုယ်ဘဝကို ဘယ်လိုနေရမလဲဆိုတာ
လမ်းညွှန်ပေးတဲ့တယ်။

ကျွန်တော့်အတွက်ဆို
၁။ တိုးတက်မှု Progress
၂။ လွတ်လပ်မှု Freedom
၃။ ရင်ခုန်မှု Excitement
ဒီသုံးခု က မရှိမဖြစ်အရေးကြီးတယ်။

နောက်တစ်ခုက ကိုယ့်ရဲ့ အားသာချက်
“စူပါပါဝါကို သိဖို့လိုတယ်။”
လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။

တချို့က အလုပ်ဖြစ်နေပြီးသားကို
ထပ်ခါထပ်ခါလုပ်သွားချင်တယ်။ (Consistency)
တချို့က အလုပ်ဖြစ်တာကိုသိရင်
နောက်တစ်ခုအသစ်ကို လေ့လာချင်တယ်။ (Learner)

မလုပ်ခင် အချိန်တွေအကြာကြီးစဥ်းစား
အန္တရာယ်တွေတွက်ချက် ရှောင်ရှားပြီးမှ
ဖြေးဖြေးချင်းလုပ်တဲ့သူရှိတယ်။ (Deliberate)
တချို့က စဥ်းစား၊ အန္တရာယ်တွေကိုနားလည်တယ်။
ရအောင်လုပ်ဖို့ အန္တရာယ်တွေကို ရင်ဆိုင်တဲ့သူရှိတယ်။ (Achiever)

တချို့က ပျက်နေတာကို ပြင်ချင်တယ်။ (Fixer)
တချို့က ရှိနေပြီးသားကို ပိုကောင်းအောင်လုပ်ချင်တယ်။ (Maximizer)

တချို့က တိုက်နေခိုက်နေရမှာပျော်တယ်။ (Command)
တချို့က ဘဝမှာ ဟာမိုနီကျကျဖြတ်သန်းချင်တယ်။ (Harmony)

တချို့က အခြေအနေအရ ဖြစ်ချင်တာကိုပြောင်းတယ်။ (Adaptive)
တချို့က တစ်ခုတည်းကို အာရုံစိုက်မဖြစ်ဖြစ်အောင်လုပ်တယ်။ (Focus)

ဒီလိုမတူညီတဲ့ စူပါပါဝါတွေရှိတယ်။
ကျွန်တော်ကတော့
သင်ယူမှုအသစ်တွေလုပ်ချင်တဲ့ learner
ရှိနေတာကိုပိုကောင်းအောင်လုပ်တဲ့ maximizer
အန္တရာယ်တွေကြားဆွတ်ခူးမှုရချင်တဲ့ achiever
ဘဝကို ကိုယ့်အထာနဲ့ကိုယ်နေချင်တဲ့ harmony
ရည်မှန်းချက်ကိုပဲ အာရုံစိုက်တဲ့ focus

ဒါကို လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်က
Strength-finders 2.0 ကိုလေ့လာပြီး
ဒီအားသာချက်တွေပေါ်မူတည်ပြီး
ဘဝကို ပိုကောင်းအောင်လုပ်တယ်။

ဆေးပညာကို စိတ်မဝင်စားတာမဟုတ်ဘူး။
ရောဂါကို ကုချင်တာထက်
ဆေးပညာကို အသုံးပြု ပိုမိုစွမ်းဆောင်ရည်မြင့်သူဖြစ်အောင်
ကူညီပေးချင်တာ ဒါကို နားလည်သွားတယ်။

တတိယတစ်ခုက Mission
ကိုယ်ဘာကြောင့် အသက်ရှင်လဲမေးခွန်း။
ကိုယ်မစဥ်းစားဘဲ မနေနိုင်တဲ့နယ်ပယ်
နှစ်ခုရှိတယ်။
တိုးတက်ရေးနဲ့ ကြီးပွားရေး။
Productivity နဲ့ Profit ဆိုလဲမမှားဘူး။
ဒါလုပ်ဖို့ ယုံကြည်တာ
“ပညာရေး” နဲ့ “နည်းပညာ” လိုတယ်။
ဒါကြောင့် လုပ်တဲ့အလုပ် အကုန်လုံးနည်းပါးက
ပညာရေးနဲ့ နည်းပညာနဲ့ ဆက်နွယ်နေတယ်။
ပညာရေးနဲ့ နည်းပညာအသုံးပြု
စွမ်းဆောင်ရည်နဲ့ လုပ်ငန်းအမြတ်ငွေတိုးတက်အောင်
ကူညီပေးဖို့က သမိုင်းပေးတာဝန်လို့ခံယူထားတယ်။

နောက်ဆုံးတစ်ခုက dream source
ဘဝကို မောင််းနှင်နေတဲ့ စကားလုံး။
ကိုယ့်ဘဝမှာ ထမင်းမေ့ဟင်းမေ့
အချိန်ကုန်နေတဲ့ အချိန်တွေပြန်စဥ်းစားကြည့်။

ကျွန်တော့်အတွက်တော့
competitive sport နှစ်ယောက်မှာ
တစ်ယောက်နိုင်တဲ့ ဂိမ်းကစားတဲ့အချိန်နဲ့
စမ်းသပ်မှုတွေ ပြုလုပ်နေရတဲ့အချိန်ကိုသွားသတိရတယ်။

ဘာကို သတိပြုမိလဲဆို ပြိုင်ဆိုင်မှုတစ်ခုမှာ
တိုက်ရိုက်မပြိုင်ဘဲနိုင်အောင်လုပ်ရတဲ့အချိန်၊
နောက် စမ်းသပ်မှုတွေ ပြုလုပ်ရတဲ့အချိန် ပျော်တယ်။
Experiment တွေလုပ်ရတဲ့အချိန်။

ကိုယ့်ကိုကိုယ်သိသွားရင်
ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို
ထုတ်ဖို့လွယ်သွားပြီ။

မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။
ရှိတာထွက်လာဖို့ သိအောင်လုပ်ဖို့လိုတယ်။

ဒါမှ ဘဝက အထာကျ
Master Your Flow ဖြစ်မှာ။

Phyo Paing @ Derek

Share Your Idea!​