လူဖြစ်နေသမျှ ပြဿနာက
ရှိနေမှာပဲ။
ကျွန်တော်တို့ တာဝန်က
ပြဿနာမရှိတဲ့ ဘဝကို
နေထိုင်ဖို့မဟုတ်ဘူး။
ပြဿနာတွေထက် သန်မာတဲ့
လူတစ်ယောက်ဖြစ်ဖို့လို့မြင်တယ်။
ပြဿနာဆိုတာ စိတ်နဲ့ ခန္ဓာကဖြစ်တယ်။
စိတ်မထားတတ်ရင်
ပြဿနာက ဒုက္ခဖြစ်သွားမယ်။
ခန္ဓာကလဲ သေချာမထိန်းသိမ်းနိုင်ရင်
ဒုက္ခဖြစ်သွားနိုင်တယ်။
အဲ့ဒီ စိတ်နဲ့ ခန္ဓာကို သေချာ
တိုးတက်ကောင်းမွန်အောင်
အချိန်ပေးထိန်းသိမ်းဖို့လိုတယ်။
သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်
အလုပ်စီးပွား ရှာတာအပြင်
စိတ်အတွက်စာဖတ်၊ တရားထိုင်၊
ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်၊
အစားအသောက်ဆင်ခြင်။
ဘဝမှာ တစ်နေ့သေမှာပဲ။
မသေခင် လုပ်ချင်တာတွေ
လုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က
ကိုယ့် တာဝန်ပဲ
ဘဝဆိုတာ အိမ်ထောင်ကျ
သားမွေး၊ အို၊ နာ၊ သေထက်
အများကြီးပိုတယ်လို့
ယူဆထားတယ်။
Phyo Paing @ Derek