Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မဟာဗျူဟာမှားတဲ့အခါ
လမ်းကြောင်းလွဲတယ်။

လမ်းလွဲပြီး ပြေးနေရင်
ပြေးလေး ဝေးလေ ဖြစ်နေတတ်တယ်။

မဟာဗျူဟာဆိုတာ
ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို
စိုက်စိုက်မက်မက်နဲ့
မြန်မြန်ဆန်ဆန်ရောက်ဖို့
ဘယ်လမ်းကို ပြေးမလဲ ကြံစဥ်တာဖြစ်တယ်။

လူတွေကို အပြောင်းအလဲဖြစ်စေတာ
အတွေး၊ အကြံ၊ အလုပ်ဖြစ်တယ်။

ကြံစဥ်တဲ့အခါ အတွေးအခေါ်တွေလိုတယ်။
စီးပွားရေးစီမံခန့်ခွဲမှုမှာ
မဟာဗျူဟာဆိုတာ ၁၉၅၀ နောက်ပိုင်းလောက်မှ
ရေရေရာရာ ပေါ်လာတာဖြစ်တယ်။
ဟာဗတ်စီးပွားရေး ပရော်ဖက်ဆာလဲဖြစ်
Competitive Advantage စာအုပ်ကိုရေးခဲ့တဲ့
Michael Porter တို့လို ဆရာကြီးတွေက
သုတေသနတွေနဲ့ သီအိုရီတွေက
စီးပွားရေး မဟာဗျူဟာတည်ဆောက်ရေးမှာ
အများကြီး အထောက်အကူပြုတယ်။

Southwest Airline တို့၊ Ikea တို့၊
Xiaomi တို့၊ Air Asia တို့၊
နောက် Grab နဲ့ Gojek လုပ်ငန်းတိုင်းဟာ
မဟာဗျူဟာကောင်းအသုံးပြုနိုင်ရင်
ပန်းတိုင်ရောက်အောင်သွားနိုင်တဲ့
သာဓကတွေ တွေ့လိမ့်မယ်။

ရှေးနှစ်ထောင်ပေါင်းများစွာကတော့
ဆွန်ဇူးဆိုတဲ့ စစ်သူကြီးက
မဟာဗျူဟာ အတွေးအခေါ်နဲ့
The Art of War (孫子兵法) ကို ရေးခဲ့တယ်။
ဒီနေ့ထိ ကမ္ဘာ့ထိပ်တန်း စီးပွားရေး တက္ကသိုလ်တွေ၊
စစ်ရေးသင်တန်းကျောင်းတွေမှာ
သင်နေရသေးတယ်။

မဟာဗျူဟာမှားတဲ့အခါ
လမ်းကြောင်းလွဲတယ်။
အချိန်ကြာတယ်။
လိုရင်းမရောက်ဘူး။

မဟာဗျူဟာ ကောင်းမကောင်း
ရှိတဲ့ အရင်းအမြစ်ကို
ဘယ်လို အသုံးချပြီး
လိုချင်တဲ့ ပန်းတိုင်ရောက်သွားလဲဆိုတာ
ကြည့်လို့ရတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​