Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မာကတ်တင်းအကြောင်း

မားကတ်တင်းအကြောင်း နည်းနည်းပြောပြမယ်။

မားကတ်တင်း ဗားရှင်း 1.0

အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။

မားကတ်တင်း ဗားရှင်း 2.0

နောက် အဖေ၊ အမေ လက်ထက်ကျတော့ လက်ဟောင်းပဲ ယူချင်တယ်။ စထုတ်တုန်းအရည်အသွေးကောင်းပြီး ရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။

အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ ကျွန်တော်ကတော့ “Me Marketing” လို့ အတိုကောက်နာမည်ပေးတယ်။ “ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး” မားကတ်တင်းပေါ့။

ကျွန်တော်တို့ လက်ထက်ရောက်တော့ ရွေးချယ်စရာတွေက စများလာပြီလေ။ ထုတ်လုပ်နိုင်လာပြီ။ စက်မှုတိုးတက်မှုက ရေနွေးငွေ့နဲ့တိုးတက်တဲ့ Industrial revolution 1.0 လျပ်စစ်မီးပေါ်လာတဲ့ Industrial revolution 2.0 အင်တာနက်နဲ့ အိုင်တီပေါ်တဲ့ Industrial revolution 3.0 ကနေ AI, Robotics, Blockchains, Biomedical engineering တွေ တိုးတက်လာတဲ့ Industrial revolution 4.0 တောင် ရောက်လာပြီ။

ရွေးချယ်စရာများလာတော့ ကုန်ပစ္စည်းအသားပေးစဥ်းစားလို့မရတော့ဘူး။ ဒီတော့ ဖောက်သည်အသားပေးစဥ်းစားရတယ်။ ဒါကို Marketing 2.0 လို့ခေါ်တယ်။ Customer-centric Marketing ဖောက်သည်အသားပေး မားကတ်တင်းဆိုပါတော့။ သာကောကတော့ “You Marketing” လို့ နာမည်ပေးထားတယ်။

မားကတ်တင်း ဗားရှင်း 3.0

2014 မှာ မှတ်မှတ်ရရ Philip Kotler ဖိလစ်ကော်တလာက ရန်ကုန် အမျိုးသားခန်းမမှာ Marketing 3.0 စာအုပ်မိတ်ဆက်တယ်။ ဒီနေ့ခေတ်က ပိုက်ဆံပဲလိမ့်ရှာနေလို့မရဘူး။ ကိုယ်စီးပွားရေးလုပ်တဲ့ ဒေသကို ပြန်ကြည့်ပေးဖို့လိုတယ်။ ဒါကို Triple Bottom Line လို့ခေါ်တဲ့ People, Profit, Planet ဒီ P သုံးလုံးအရေးကြီးတယ် ဆိုပြီး CSR လို့ခေါ်တဲ့ Corporate Social Responsibility ကြီးပေါ်လာတယ်။ ရည်ရွယ်ချက်က ရနေတဲ့ အမြတ်ငွေ ရည်ရှည်ခိုင်မြဲအောင် ပတ်ဝန်းကျင်ကို ပြန်ကြည့်ပေးတာမျိုးပေါ့။ ဥပမာ Unilever ဆို Sustainable Living Plan ဆိုပြီး သူ့ကို ကုန်ကြမ်းထောက်ပံ့တဲ့ စိုက်ပျိုးရေးသမားတွေကို ပံံ့ပို့ပေးတာမျိုး။ ရပ်ထဲရွာထဲက အားကစားပွဲတွေမှာ စပွန်ဆာပေးတာမျိုး။ ဒါကို Marketing 3.0 လို့ခေါ်တယ်။ Value-driven marketing လို့ခေါ်တယ်။ ဒါကိုတော့ ကျွန်တော်က “We Marketing” လို့ မှတ်ရလွယ်အောင် နာမည်ပေးထားတယ်။

မားကတ်တင်း ဗားရှင်း 4.0

နောက် Social Media တွေခေတ်အရမ်းစားလာတဲ့အချိန်၊ မင်းတို့အရင်သင်ခဲ့တဲ့ AIDA လို့ခေါ်တဲ့ Attention, Interest, Desire, Action ကိုထားခဲ့လိုက်တော့။ 5A model ကိုအသုံးပြု။ Aware, Appeal, Ask, Act, Advocate ကိုသုံး။ ဒီနေ့ခေတ်က F-factor တွေအရေးကြီးတယ်။ Fans, Followers, Facebook Friends တဲ့။ Google ကလဲ ၂၀၁၅ မှာ ZMOT လို့ခေါ်တဲ့ Zero Moment of Truth ဆိုတာရှိတယ်။ ကုန်ပစ္စည်းတစ်ခုကို အခုမှတွေ့ပေမယ့် reviews တွေကြည့်ပြီး ဝယ်ရင်ကောက်ဝယ်လိုက်တာ။ အရင်လို ဆိုင်အပြင်လေးကတွေ့တယ်။ ဆိုင်ထဲဝင် ပစ္စည်းကိုင်ကြည့်ပြီးမှဝယ်တဲ့ခေတ်မဟုတ်တော့ဘူး။ အဲ့ဒီ First, Second Moment မလာခင်မှာ Zero နဲ့တင်အဆင်ပြေတယ်ဆိုတဲ့ခေတ်ကို ရောက်လို့လာတယ်။ ဒါကတော့ Marketing 4.0 ခေတ်ပေါ့။ ဒါကတော့ Traditional to Digital Marketing ပြောင်းတဲ့ခေတ်ပေါ့။

မားကတ်တင်း ဗားရှင်း 5.0

ဒီနေ့လို Marketing 5.0 ခေတ်မှာတော့ agile marketing အရေးကြီးလာတယ်။ မနက်၊ နေ့၊ ည သတင်းတွေကမတူဘူး။ ဒါကြောင့်လဲ မြန်မြန်ဆန်ဆန်နဲ့ အချိန်နဲ့ တစ်ပြေးညီလုပ်နိုင်တဲ့ real-time marketing က အင်မတန်အရေးကြီးလာတယ်။ ဝေဒနာတွေနဲ့ ပြောတဲ့ခေတ်မဟုတ်တော့ဘူး။ ဒေတာ data တွေနဲ့ ပြောတဲ့ခေတ်ဖြစ်သွားပြီ။ Apple Watch တို့လို ဝတ်ဆင်လို့ရတဲ့ wearable tech တွေပေါ်လာတဲ့အချိန်မှာ မနေ့ညကလို Apple ရဲ့ Vision Pro တို့ Facebook ရဲ့ Meta Quest 3 တို့ထွက်တဲ့အချိန်။ Midjourney တို့၊ OpenAI ရဲ့ ChatGPT တို့ထွက်တဲ့အချိန်၊ Marketing 5.0 မှာ DPCAA ဆိုတာဖြစ်လာတယ်။

Data-driven marketing ဒေတာအခြေပြုမားကတ်တင်း၊ Predictive marketing မားကတ်တင်းမစခင်ကတည်း ဘယ်လိုရလဒ်ဖြစ်နိုင်မလဲ ခန့်မှန်းနိုင်တဲ့မားကတ်တင်း၊ Contextual marketing နေရာနဲ့ လူ၊ အခြေအနေပေါ်မူတည်ပြီး တစ်ယောက်ချင်းစီကိုအနုစိတ်တဲ့ personalized marketing Facebook က Hi လုပ်လိုက်တာနဲ့ ကိုယ့်နာမည်ကိုသိနေတာမျိုး။ CRM စနစ်ထဲ ကိုယ့်ဒေတာရှိတဲ့အတွက် မွေးနေ့အတွက်ပဲ လုပ်ပေးနိုင်တာ။ Augmented marketing က Chatbot တွေ၊ AI တွေအသုံးပြုပြီး AR, VR အသုံးပြုပြီး မားကတ်တင်းလုပ်တာမျိုး။ Agile Marketing မားကတ်တင်းမှာ တာတို sprint လိုသလို ရေရှည်အတွက် မာရသွန် Marathon လဲလိုတယ်။ မားကတ်တင်း team အကြီးကြီးလုပ်တာထက် decentralized ဖြစ်တဲ့ team တွေက လုပ်ပိုင်ခွင့်ရှိပြီး အိုင်ဒီယာကို စဥ်းစားဆုံးဖြတ်၊ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် လုပ်တာ။ ဒါက Marketing 5.0 အားတီအားမေတို့ကို အိမ်ဘေးက အန်တီပြောတဲ့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း ပစ္စည်းလိုက်စပ်တာကို မားကတ်တင်းလို့ထင်တဲ့ခေတ် မဟုတ်တော့ဘူး။ လူတွေရဲ့ အာရုံ attention က currency တစ်ခုပဲ။

Phyo Paing @ Derek

Share Your Idea!​