ရုပ်ခန္ဓာကအင်ဂျင်ဆို
စိတ်ကမောင်းနှင်တဲ့ ဒရိုက်ဘာပဲ။
နွေပူ၊ မိုး၊ ဆောင်းကြားမှ
ဘဝဖြတ်သန်းမှု အများစုက
“စိတ်အလုပ်” လုပ်နေရတာပဲ။
အတွေးကောင်းချင်ရင်
စိတ်ကို စီမံနိုင်ဖို့လိုတယ်။
အကြံအစည်ကောင်းချင်ရင်
စိတ်ကို စီမံနိုင်ဖို့လိုတယ်။
အလုပ်အကိုင် ကောင်းချင်ရင်
စိတ်ကို စီမံနိုင်ဖို့လိုတယ်။
စိတ်အလုပ် လုပ်ရတာဖြစ်တဲ့အတွက်
စိတ်ရှုပ်ရမည့်အရာတွေ
ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်ပါ။
မြန်မြန်ဖြေရှင်းလို့ရရင် ဖြေရှင်း။
ဘာကြောင့်လဲဆိုတာ
ဘဝဆိုတာ စိတ်အလုပ်။
စိတ်မပျော်ရင် အိပ်မပျော်ဘူး။
စိတ်ထောင်းရင် ကိုယ်ကြေတယ်။
ဒါကြောင့် ဓမ္မပဒ မှာ
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ” လို့ဆိုပြီး
“စိတ်ဟာ တရားအားလုံးရဲ့
ရှေ့ဦးဆောင်ဖြစ်တယ်၊
စိတ်ဟာ အကောင်းဆုံးဖြစ်တယ်၊
အရာခပ်သိမ်းဟာ
စိတ်ကနေ ဖြစ်ပေါ်လာတယ်” လို့ဆိုတယ်။
ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ”၊
“စိတ်ဟာ တရားအားလုံးရဲ့
ရှေ့ဦးဆောင်ဖြစ်တယ်”
ဒါက ဘဝဖြတ်သန်းရေးအတွက်
မာစတာ ကီးပဲ။
Phyo Paing @ Derek