ယဥ်ကျေးမှုဆိုတာ လူတွေရဲ့
ပြုမူနေထိုင် လုပ်ဆောင်တဲ့
ထုံးတမ်းစဥ်လာတွေဖြစ်တယ်။
တရုတ်ပြည်မမှာ မားကတ်တင်းလုပ်ရင်
တရုတ်စကားတတ်ရုံနဲ့မရဘူး။
သူတို့ ဘယ်လိုစဥ်းစားကြသလဲ၊
ဘယ်လို ပြုမူကြလဲ သိဖို့လိုတယ်။
ယဥ်ကျေးမှုမှာ အထာလေးတွေ
ကွာပြန်တယ်။
ဒါကို subculture လို့ခေါ်တယ်။
မြန်မာဆိုတဲ့ နိုင်ငံမှာ
ရန်ကုန်ရဲ့အထာ၊ မန်းလေးအထာ၊
ရှမ်းပြည်ရဲ့အထာနဲ့ ဧရာဝတီတိုင်းရဲ့အထာ
မတူကြဘူး။
ဒါကြောင့် မားကတ်တင်းလို့ပြောလိုက်ရင်
ယဥ်ကျေးမှုတွေ၊ အထာတွေ၊
လူတစ်ယောက်ဆို စဥ်းစားတွေးခေါ်ပုံ၊
တန်ဖိုးထားပုံ အကုန်လုံးကိုလေ့လာရတယ်။
မားကတ်တင်းဆိုတာ
ဖောက်သည်နဲ့ နှစ်ဦးနှစ်ဖက်
အကျိုးရှိတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်တာ။
creating profitable relationships ဆိုမမှားဘူး။
ဆက်ဆံရေးတည်ဆောက်ဖို့
ဆက်သွယ်ရေး အရေးကြီးတယ်။
ဆန္ဒတွေ၊ လိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးနိုင်ရေးအရေးကြီးတယ်။
Guerrilla Marketing Coach
Low cost, high impact
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar