Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မားကတ်တင်းဆိုတာ အထာပဲ။

LV သွားဝယ်ရင် အိတ်ကို
လက်ဗလာနဲ့ မကိုင်ဘူး။
လက်အိတ်စွပ်ပြီးကိုင်တယ်။
ဒီအတိုင်း ကောင်တာပေါ်မချဘူး။
Tray ပေါ်တင်ပြီးမှ ချတယ်။

Item လို့မသုံးဘူး။
Collection ဆိုတဲ့ စကားလုံးသုံးတယ်။

စျေးလျော့မလားလို့ ဘယ်သူမှမပေးဘူး။
မရောင်းရရင် ဖျက်စီးလိုက်တယ်။
ဒစ်စကောင့်မပေးဘူး။

Luxury ဆိုတာရောင်းတဲ့အခါ
Brand မှာ အထာလေးတွေ ရှိတယ်။

Apple ဘယ်တော့မှ ကောင်မလေးတွေ
Promo တွေခေါ်ပြီး
ဆိုင်ရှေ့မှာ ကတာလုပ်တာ မတွေ့ဖူးဘူး။
လော်စပီကာအကျဲကြီးနဲ့အော်ပြီး
စျေးတွေချတာ မလုပ်ဘူး။

လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။
ကိုယ့်လုပ်ငန်းအထာက
ကိုယ်ဆက်သွားမည့် ရည်မှန်းချက်ပန်းတိုင်နဲ့
ကိုက်သလား။

စျေးကြီးတိုင်း luxury brand မဖြစ်ဘူး။
Brand တိုင်းမှာ အထာလိုတယ်။
စျေးကြီးမှ brand ဖြစ်တာလဲမဟုတ်ဘူး။

လုပ်ငန်းတိုင်းမှာ ကိုယ်တိုင်ရဲ့
အထာလိုတယ်။

နာမည်မကြီးခင်ကတည်းက
ကိုယ့် brand ရဲ့ရပ်တည်ချက်ကို
သေချာသိဖို့လိုတယ်။

သူများတွေလုပ်တိုင်း
လိုက်မယောင်မိဖို့လိုတယ်။

ကတာမကောင်းဘူးပြောချင်တာတော့မဟုတ်ဘူး။
ကိုယ့် brand ရဲ့အထာဆိုရင်လုပ်တာမမှားဘူး။

ကိုယ့်အထာနဲ့ကိုယ်။

အနာနဲ့ ဆေးတည့်ဖို့တော့လိုမယ်နော်။

ဥပမာကတော့ ပေးတက်ကြပါတယ်
လိုက်လုပ်ကြည့်မှ သိမှာပါ။ 😆

Guerrilla Marketing Coach
Low cost, high impact
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar

Share Your Idea!​