Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မားကတ်တင်းမလေ့လာပါနဲ့။

ကိုယ်ကလုပ်နေတဲ့အလုပ်၊
ရနေတဲ့ရောင်းအား၊
လက်ရှိပုံစံ status quo ကို
သဘောကျတယ်၊ ရောင့်ရဲတယ်ဆို
မားကတ်တင်းကို မလေ့လာပါနဲ့။

ဘာကြောင့်လဲဆိုတော့
မားကတ်တင်းဆိုတာ အပြောင်းအလဲတွေကို
မြန်နှုန်းမြင့်စေတဲ့ အတတ်ပညာတစ်ခု
ဖြစ်တဲ့အတွက်ကြောင့်ပဲ။

မားကတ်တင်းအတတ်ပညာကို
ဘယ်သူတွေအသုံးပြုကြသလဲ
သေချာစဥ်းစားကြည့်ရင်
စီးပွားရေးလုပ်ငန်းတွေပဲ
အသုံးပြုတာ မဟုတ်ဘူးဆိုတာ
တဖြည်းဖြည်းနားလည်လာလိမ့်မယ်။

နိုင်ငံရေးသမားတွေ မဲဆွယ်တဲ့နေရာအသုံးပြုတယ်။
အုပ်ချုပ်သူတွေက လူတွေရဲ့အပြုအကျင့်ကို
ပုံသွင်းချင်တဲ့အချိန်အသုံးပြုတယ်။
လုပ်ငန်းတစ်ခုကို အထင်အမြင်ကောင်းစေချင်တဲ့အချိန်
အသုံးပြုတယ်။
ကိုယ့်ကို လူသိစေချင်ရင်၊
သတ်မှတ်ထားတဲ့သူတွေ သဘောကျစေချင်ရင်၊
ယုံစေချင်ရင်အသုံးပြုတယ်။
ကိုယ့်ကုန်ပစ္စည်းဝယ်စေချင်ရင်အသုံးပြုတယ်။

အလုပ်မှာ ရာထူးမြန်မြန်တိုးဖို့
ကိုယ့်အပေါ်အထင်အမြင်ကောင်းအောင်
လုပ်ဆောင်တာကလဲ မားကတ်တင်း။
လုပ်ငန်းတွေ ရောင်းအောင်းအောင်
လူတွေစိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။

လူတွေအထင်လွဲနေတာကို
အမြင်ပြန်ကောင်းအောင်လုပ်တာလဲမားကတ်တင်း။

ကိုယ့်ရဲ့ရပ်တည်ချက်ကိုလူတွေသိအောင်
စိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။

အပြောင်းအလဲကို ပုံဖော်လိုသူတိုင်းအတွက်
မားကတ်တင်းအတတ်ပညာလိုတယ်။

ဒါကြောင့် Marketing for Change ဆိုပြီး
ဟောပြောပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။

လူတွေကို ရေသုံးအိပ်သာတွေသုံးစေချင်တော့
အမြင်ပြောင်းအောင် အသိပညာပေးလုပ်ရတယ်။
လမ်းဘေးအမှိုက်မပြစ်အောင်
အသိပေးတွေလုပ်ရတယ်။
အလားတူပဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊
အမှတ်တံဆိပ်၊ ကုမ္ပဏီက
ဘာတွေလဲ၊ ဘာလုပ်လဲ လူတွေကို
အသိပေးလုပ်ရတယ်။
နောက်အမြင်ပြောင်းရတယ်။
ဒီကမှတစ်ဆင့် ဖြစ်စေချင်တဲ့
ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်အောင် ပုံဖော်ရတယ်။

ဒါက မားကတ်တင်းအတတ်ပညာရဲ့
ရည်ရွယ်ချက်ပဲ။
ဒါကြောင့် မားကတ်တင်းဆိုတာ
အမြင်ပြောင်းပညာလို့ပြောရင်မမှားဘူး။

Guerrilla Marketing
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar

Share Your Idea!​