Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မားကတ်တင်းအကြောင်း

Q: မင်္ဂလာပါ အစ်ကိုရေ
မားကတ်တင်းအကြောင်းလေး မေးချင်လို့။

A: ဟုတ်ကဲ့ မေးပါခင်ဗျ။

Q: ထုတ်ကုန်မားကတ်တင်းနဲ့
ကုမ္ပဏီ မားကတ်တင်း
ဘာကွာသလဲ?

A: အများကြီးကွာပါတယ်။

Q: တစ်ခုလောက် ဥပမာပေးပါလား။

A: မက်ဆေ့။

Q: ဟုတ်ကဲ့။

A: ဥပမာ Nike ရဲ့ အမှတ်တံဆိပ် slogan က
Just do it.
Apple က Think different.
အဲ့ဒါက ကုမ္ပဏီ အဆင့်မှာလုပ်တာ။

Product ထုတ်ကုန်အဆင့်မှာဆို
iPhone 13 Pro တုန်းကဆိုပါတော့
Oh So Pro တို့ ကြားဖူးလား။

Q: မကြားဖူးဘူးခင်ဗျ။

A: ဒါဆို iPod စ ထုတ်တုန်းက
A thousand songs in your pocket
သီချင်းပေါင်း တစ်ထောင်အိတ်ထဲဆောင်တော့
ကြားဖူးမှာပေါ့။

Q: ဟုတ်။ ဒါတော့ ကြားဖူးတာပေါ့။

A: ဟုတ်တယ် bro ရေ။
အဲ့ဒါက Product ထုတ်ကုန်အဆင့်လုပ်တဲ့
မက်ဆေ့။

Q: ဒါဆို ကျွန်တော်က စားသောက်ဆိုင်ဖွင့်တယ်ဗျာ။
ဘယ်လိုလုပ်ရမလဲ။

A: အမှတ်တံဆိပ်အဆင့်ကို
“အတွေးအခေါ်ရောင်း”။
ထုတ်ကုန်အဆင့်ကို
“အားသာချက်ရောင်း”။
USP ကြားဖူးလား။

Q: Unique Selling Point မလား။

A: ဟုတ်တယ်။ တစ်ကွက်ကောင်း။
ဒါက ကုန်ပစ္စည်း၊ ဝန်ဆောင်မှုမှာ
ဖော်ပြပြီး၊
အမှတ်တံဆိပ်မှာက
“အတွေးအခေါ်” ကို ဖော်ပြ။

Q: ဥပမာလေး ပေးလို့ရမလား။

A: အေးဗျ။ မရယ်နဲ့နော်။
“အိမ်ပြန်ဖို့ လေယာဥ်စီးစရာမလိုဘူး။”

Q: ဟာ ဘာကြီးလဲဗျ။

A: အေး လုပ်ငန်းရဲ့ အမှတ်တံဆိပ်အတွက်
မက်ဆေ့ဖန်တီးတဲ့အခါ
အဲ့လိုပြန်မေးဖို့ အရေးကြီးတယ်။
Think Different ဆို
ဟာ ဘာကိုဆိုလိုတာလဲဗျ
Think Differently ဟုတ်ဘူးလား။
Just Do It ဆို
ဘာအဓိပ္ပာယ်လဲဗျ။
အဲ့လို စိတ်ဝင်တစား ပြန်မေးဖို့လိုတယ်။
ဒါက လူတွေ စိတ်ဝင်စားတဲ့သဘော။
ဒါမှ မှတ်မိမယ်။
“အခုက ထိုင်းမှာ မြန်မာပြန်စရာမလိုပဲ
မြန်မာအစားအသောက်တွေ စားနိုင်ဖို့။”

Q: နားလည်ပါပြီ။
ဒါဆို ထုတ်ကုန်အတွက်ဆိုရင်
ဘယ်လိုလုပ်ရမလဲဗျာ။

A: အိမ်ချက် မုန့်ဟင်းခါး စစ်စစ်
မစားရတာ ဘယ်လောက်ကြာပြီလဲ။

Q: ဒါက မေးခွန်းကြီးဟုတ်ဘူးလား။

A: ဟုတ်တယ်ဗျ။
လူတွေက အထုပ်မုန့်ဟင်းခါးတွေ
စားနေရတာ ငြီးငွေ့လို့
အားတီလေးဆိုင် လာတာလို့ပြောရင်
မှန်မလား။

Q: မှန်ပါတယ်။

A: ဒါကြောင့် လူတွေလိုချင်တဲ့
အကျိုးကျေးဇူးကို ဖော်ပြပြီး
မလိုချင်တာကို ရှောင်ဖို့
မေးခွန်းမေးတဲ့ နည်းနဲ့သွားလို့ရပါတယ်။

ကျေးဇူးပါဗျာ။
ကိုယ်မေး၍ ကိုယ်ဖြေသည်။ 😀

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​