Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မားကတ်တင်း သုတေသီ။

မားကတ်တင်း သုတေသီ။
မားကတ်တင်း ဘိတ်သိတ်။
မားကတ်တင်း အင်ဂျင်နေရာ။
မားကတ်တင်း ဖလောက်ဆော်ဖာ။
ဒီနေ့ခေတ်ခေါ် T-shaped မာကတ်တာ။

ကြော်ငြာရေးတဲ့ မှော်ဆရာ။
ဆိုရှယ်မီဒီယာ အင်ဖရုရန်ဆာ။
ဖန်တီးသူ ခရိတ်တာ။
အေဂျန်စီတီထောင်ထားတဲ့ အားတီ၊ အားမေ
စွန့်ဦးတီထွင် မာကတ်တာ။

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်
ပုံရိပ်တွေ ပြောင်းလာတယ်။
စျေးရောင်း၊ စျေးဝယ်ထက်ပို
လူတွေအမြင်ကောင်းလာတယ်။

မားကတ်တင်းဆိုတာ
အမြင်ပြောင်း အနုပညာ။
သေချာစဉ်းစားရတဲ့ အတွေးအခေါ်ပညာ။
နည်းပညာနဲ့ ပေါင်းစပ် လုပ်ကိုင်ရတဲ့အတတ်ပညာ။
ဝေဒနာတွေကို မခံစားပဲ
ဒေတာတွေနဲ့ ဆုံးဖြတ်တဲ့
အသက်မွေးမှုပညာ။

လူတွေကို ငေးရတယ်။
တခါတလေ တွေးရတယ်။
နောက်ပြီး ရေးလဲရေးရတယ်။
လူတွေအထင်အမြင် ပြန်မေးရတယ်။

အမှတ်တံဆိပ်တည်ဆောက်ဖို့
အတွေးအခေါ် ကြည်တောက်ဖို့လဲလိုတယ်။
တခါတလေ အတည်ပေါက်နဲ့
နောက်ရတဲ့ အချိန်လဲရှိတယ်။

တခါတလေ ရိုက်ထားတဲ့ဗီတီယိုတွေက
မိုက်တယ်။
လူအများစု like တယ်။
မလိုက်တဲ့အခါ like ဝယ်ရတဲ့အချိန်တွေလဲရှိတယ်။

အဲ့လို ရသစုံတဲ့ မားကတ်တင်းကိုအသုံးပြု
တချို့တွေက စျေးရောင်းတယ်။
တချို့တွေက အတွေးရောင်းတယ်။
တချို့တွေက စျေးကောင်းသလို
တချို့တွေက တခြားသူတွေလုပ်တာ
ငေးကောင်းဆဲပဲ။

အတွေး၊ အကြံ၊ အလုပ် ပွါးချင်ရင်
ပိုင်ဆိုင်မှုတွေများချင်ရင်
လုပ်ငန်းကို အတောင်ပံတပ်
အဝေးကိုပျံသွားချင်ရင်
လိုအပ်တဲ့ အနုပညာ၊
စဉ်းစားတွေးခေါ်ရတဲ့
မားကတ်တင်း အတတ်ပညာ။

သူစိမ်းတွေကို အသိ၊
အသိတွေကို ဖောက်သည်။
ဖောက်သည်ကို အမာခံပုရိသတ်။
အမာခံပုရိသတ်ကို အဖွဲ့ဝင်ပြောင်းတဲ့
လှပတဲ့ ဖြစ်စဉ်။

ကြည့်တတ်မယ်။
မြင်တတ်မယ်။
ခံစားတတ်မယ်။
ငေးတတ်မယ်။
တွေးတတ်မယ်။
ရေးတတ်မယ်ဆို
မားကတ်တင်းနဲ့ ချစ်ကျွမ်းဝင်သွားလိမ့်မယ်။

ကိုယ်က မားဆ်ဆို
မားကတ်တင်းက ဗီးနတ်ပေါ့။
သူနဲ့ ကိုယ်နီးစပ်ဖို့
အိမ်စာတော့လုပ်မှရမယ်။

#gmc
#sapwar

Share Your Idea!​