ခုနှစ်တန်းတုန်းက စက်ဘီးမှာ
ဒိုင်နမိုတပ်ပြီး မီးသီးတွေကို
စက်ဘီးနဲ့အတူလည်သွားဖို့
နည်းလမ်းရှာတာ အိမ်ထဲမှာတင်
တစ်ပတ် မအိပ်နိုင်မစားနိုင်ပဲ။
ခဏအပြင်ထွက်သာဆိုလို့
လျှပ်စစ်ပစ္စည်းဆိုင်ပဲ ရှိတယ်။
အင်တာနက်မရှိတော့ ဟိုစမ်းဒီစမ်းနဲ့
စျာန်ဝင်ပြီး အချိန်ကို မေ့နေတဲ့
flow state ပေါ့။
ရည်ရွယ်ချက်က သီတင်းကျွတ်မှာ
ကိုယ့်သူငယ်ချင်းတွေ သူတို့ crush နာမည်ကို
စက်ဘီးမှာ ဒိုင်နမိုတပ်ပြီး
မီးတွေလင်းပြီး စီးလို့ရအောင်။
အဲ့တုန်းက ဒိုင်နမိုနဲ့ မီးသီးဆင်ရင်
၁၀၀၀ ယူပြီး တော်တော်များတဲ့
ငွေအမောင့်လို့ ပြောလို့ရမယ်။
အောင်အောင်မြင်မြင်နဲ့ ရောင်းလဲပြီးရော
မှတ်မှတ်ရရ အဲ့ သီတင်းကျွတ်
သုံးရက်လုံး မိုးလဲအကြီးအကျယ်ရွာရော။
ဘဝရဲ့ Significant Emotional Event (SEE) မှာ
ရင်အခုန်ဆုံးအချိန်က အဲ့အချိန်ပဲ။
ဘာကြောင့်လဲ ဆိုရင် “စမ်းသပ်မှု”
လုပ်နေရလို့။
ဒီစကားလုံးကို “Dream Source” လို့ခေါ်တယ်။
သင်နေကျ သင်တန်းကို
ထပ်ခါထပ်ခါ အခါ ၃၀ ကျော်
repeat ခေါ်နေပြီးနောက်
ငါ တော်တော် ပျင်းနေပြီကွဆိုတဲ့
ခံစားချက်ရလာတယ်။
နောက်ပိုင်း ကိုယ့်ဘဝကို လမ်းပြပေးတဲ့
စကားလုံးတစ်လုံးတွေ့ခဲ့တယ်။
မိတ်ဆွေအတွက် ဘဝကို
မောင်းနှင်နေတဲ့ စကားလုံးတစ်လုံးဆို
ဘာများဖြစ်မလဲ?
Phyo Paing @ Derek