ဒီနေ့ခေတ်မျိုးဆက်ကတော့
အသိတွေရှိလာကြပါပြီ။
မြန်မာပြည်ရဲ့ ပုံစံအရ
မိဘအများစုက သားသမီးတွေကို
ပြီးပြည့်စုံစေချင်ကြတယ်။
ဒါက ကောင်းတဲ့အချက်ဖြစ်တယ်။
နောက်ပြီး ကိုယ့်ဘဝမှာ
အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့
အိမ်မက်တွေကို သား၊ သမီးတွေကို
အကောင်အထည်ဖော်စေချင်တယ်။
ဒီတော့ ကြိုးစားဖို့အတွက်
သားသမီးတွေကို မခံချင်စိတ်ထည့်ပေးဖို့
လိုတယ်ဆိုတဲ့ အတွေးတချို့
ရှိတတ်ကြတယ်။
မခံချင်အောင် ပြောတတ်ကြသလို၊
အောင်မြင်မှုတစ်ခုရတဲ့အခါလဲ
အသိအမှတ်ပြုမှုကို
ဖော်ပြဖို့ ဝန်လေးတတ်ကြတယ်။
စိတ်ကျေနပ်မှုပြလိုက်ရင်
မကြိုးစားတော့ဘူးဆိုတဲ့
အယူအဆရှိတတ်ကြတယ်။
နောက် ကိုယ့်သားသမီးရဲ့
ဖြစ်တည်မှုထက်
သူ့လုပ်ဆောင်မှုကနေဖြစ်တဲ့
အောင်မြင်မှုပေါ်မှာ
သာယာ ဂုဏ်ယူတတ်ကြတယ်။
နောက်ပိုင်း ကိုယ့်သား၊ သမီး
ပျော်ပျော်မပျော်ပျော်
ဒါလုပ်လို့ ကိုယ်ပျော်ရင်
ကိုယ့်ပျော်ရွင်မှုကို ပိုအလေးပေးမိတတ်ကြတယ်။
လူတွေရဲ့ ဘဝအမူအကျင့်ကို
ငယ်ဘဝဖြတ်သန်းမှုက
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။
မိဘလုပ်နည်းမသိပြန်ရင်လဲ
စိတ်ဓာတ်ရာတွေနဲ့ ဖြတ်သန်းရနိုင်တယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ်လဲ
အမြဲသတိထားရတယ်။
သား၊ သမီးမွေးထားတဲ့အခါ
ကိုယ့်ရည်ရွယ်ချက်က
သူတို့ဘဝကို ကိုယ်သတ်မှတ်ထားတဲ့
အောင်မြင်မှုရဖို့ မဟုတ်ဘူး။
အဓိက ရည်ရွယ်ချက်က
သူတို့ဘဝလေးတွေ ပျော်ဖို့။
ပျော်ဖို့အတွက်
လေးစားမှုလိုတယ်။
သူတို့ရဲ့ ဖြစ်တည်မှုအတွက်
ဂုဏ်ယူတယ်ဆိုတာ သူတို့သိဖို့လိုတယ်။
ဘဝမှာ ရပ်တည်နိုင်တဲ့
အသိပညာ၊ အတတ်ပညာတွေ
သင်ပေးလိုက်ဖို့လိုတယ်။
လက်ပါတဲ့ မိသားစုမှာ
ကြီးပြင်းလာတဲ့ မိသားစုနဲ့
နွေးထွေးမှုနဲ့ ကြီးလာတဲ့မိသားစုက
သား၊ သမီးတွေမှာ
မတူညီတဲ့ တုန့်ပြန်မှုပုံစံတွေရှိတတ်တယ်။
သတိပြုပြီး ပြင်နိုင်ရင်
ဘဝကို ဒီဇိုင်းလုပ်တဲ့အချိန်
ပိုထိရောက်လာမယ်။
Phyo Paing @ Derek