တချို့တွေက ဘဝကို အနှုတ်ကပြန်စရတယ်။
တချို့က သုညက ပြန်စရတယ်။
တချို့က ရေခံ၊ မြေခံရှိပြီးသား။
လူတစ်ချို့က ကိုယ့်သားသမီးတွေလက်ထက်
သုညက ပြန်စ စရာမလိုအောင်
Legacy planning ဆိုတာ လုပ်တယ်။
ကိုယ့်လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့
အဆက်အသွယ်က အစ
ကိုယ့်သားသမီးတွေလက်ထက်
အောက်ကျ နောက်ကျမဖြစ်အောင်၊
မျက်နှာမငယ်ရအောင်၊
သုညက ပြန်စ စရာမလိုအောင်
စီစဉ်ပေးခဲ့တယ်။
တချို့မိသားစုတွေမှာ
မိဘနဲ့
အမျိုးတော်ရတဲ့ မောင်နှမတွေအတွက်
ပေးဆပ်မှုတွေ
တချို့ဆို တစ်ဘဝလုံးလုပ်သွားရတာရှိတယ်။
တချို့တွေအတွက် တက်ကျမ်းတွေမလိုဘူး။
ဘာကြောင့်လဲဆို မိဘတွေ၊
ကိုယ့်အသိုင်းအဝိုင်းရဲ့
ငွေကြေးအမြင်၊
အလုပ်အပေါ်အမြင်၊
ဘဝအမြင်တွေက အလုပ်ဖြစ်နေပြီးသား။
တချို့ သုညက ပြန်စရတဲ့သူတွေနဲ့၊
ဘဝမှာ ဆက်ကြေးပေးနေရသလို
ပေးဆပ်နေရသူများအတွက်ကတော့
“ဘဝဖြေဆေး” တွေ အများကြီးလိုတယ်။
ကိုယ့်လက်ထက်မှာ သုညတို့၊
အနှုတ်တို့က ပြန်စခဲ့ရရင်တောင်
ကိုယ့်သားသမီးတွေအတွက်
သုညက ပြန်မစရဖို့လိုတယ်။
သားသမီးဆိုတာ ကိုယ်မွေးလို့
ဒီလောကထဲ ရောက်လာတာ။
Phyo Paing @ Derek