ဆုံးဖြတ်ချက်တွေမှန်ဖို့၊
စစ်မှန်တဲ့ relationship တည်ဆောက်ဖို့၊
လောကဓံကြံ့ကြံ့ခံဖို့၊
မိမိကိုယ်ကို တိုးတက်ဖို့
ဒီတစ်ချက်လိုတယ်။
ဒါကို self-awareness
မိမိကိုယ်ကို သိရှိခြင်းလို့ခေါ်တယ်။
Self-awareness ဆိုတာ
ကိုယ့်ရဲ့အတွေး၊ ခံစားချက်၊
အပြုအမူကိုသိတာ။
ဒါကို private self-awareness လို့ခေါ်ပြီး
ကိုယ့်အပြုအမူ၊ စကားပြောဆိုမှု
လေယူလေသိမ်းက
တခြားသူတွေဘယ်လိုထင်မြင်လဲ
သတိပြုမိတာ၊
ကိုယ့်ရဲ့လူမှုနေထိုင်မှု ငါဘယ်သူလဲ၊
ကိုယ့်ရဲ့သိစေချင်တဲံပုံစံကို
စီမံခန့်ခွဲတာကို public self-awareness လို့ခေါ်တယ်။
ဒီ self-awareness ရှိအောင်
နေ့စဥ် ဘာတွေဖြစ်သွားတယ်။
ဘယ်တွေတွေးမိ၊ ခံစား၊ လုပ်ဆောင်မိတယ်
ဒါကို journaling ပြန်ရေးလို့ရတယ်။
ကိုယ့်ကိုကိုယ် မေးခွန်းတွေပြန်ထုတ်
ဆန်းစစ်လို့ရတယ်။
ငါဘာတွေကို ယုံကြည်သလဲ၊
ဘယ်လိုဆုံးဖြတ်လေ့ရှိသလဲ၊
ဘာတွေကို တန်ဖိုးထားသလဲ
အစရှိသည်။
တရားထိုင်ပြီး ကိုယ့်ရဲ့အတွေးတွေ၊
ခံစားချက်တွေ၊ တုန့်ပြန်မှုတွေ၊
ဇောတွေကို နက်နဲစွာထိုးထွင်းသိမြင်နိုင်တယ်။
ကိုယ်ယုံကြည်ရတဲ့ coach နည်းပြ၊
ဒါမှမဟုတ် သူငယ်ချင်း၊
ချစ်သူရည်းစားလင်မယား ယုံကြည်ရရင်
သူ့တို့ရဲ့ feedback ပြန်တောင်းလို့ရတယ်။
ကိုယ်ရည်ကိုယ်သွေးစစ်တဲ့ နည်းလမ်းတွေနဲ့
ကိုယ့်ရဲ့ကိုယ်ရည်ကိုသွေးကိုရှာဖွေပြီး
ကိုယ်စဥ်းစား၊ ခံစား၊ တုန့်ပြန်တဲ့ပုံစံ၊
အားသာချက်၊ အားမသာချက်တွေကို
သိအောင်လုပ်ဆောင်နိုင်တယ်။
ကိုယ့်ကိုကိုယ်ပြောထားတဲ့ video တွေ၊
ကိုယ့်ရဲ့ social media post တွေ၊
ဒါတွေကို ပြန်လည်ဆန်းစစ်ပြီး
စကားပြောတဲ့ပုံစံ၊
လေသံ၊ အပြောင်းအလဲတွေကို
ပြန်လည်ဆန်းစစ်လို့ရတယ်။
ဒီပေါ်မူတည်ပြီး ဘယ်သူတွေနဲ့တွေ့ရင်၊
ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေနဲ့ကြုံရင်
ဘယ်လိုခံစားရပြီး၊
ဘယ်လိုတုန့်ပြန်လေ့ရှိတယ်။
ဒီ self-awareness တဖြည်းဖြည်းကောင်းလာနိုင်တယ်။
Personality Test တို့၊
Psychoanalysis စိတ်ပညာခွဲခြမ်းစိတ်ဖြာမှုတို့၊
Philosophy အတွေးအခေါ်ပညာ၊
Coaching ပညာ၊
Spirituality နဲ့
Social Psychology လူမှုစိတ်ပညာ
ဒီနယ်ပယ်တွေက
self-awareness တိုးတက်ဖို့
တော်တော်လေး အထောက်အကူပြုခဲ့တယ်။
self-awareness မှာ level အကြမ်းဖျင်း
၆ ခုရှိတယ်။
အာရုံငါးပါးကို သိတဲ့ sensory awareness
စိတ်ခံစားမှုကို သိတဲ့ emotional awareness
အတွေးကိုသိတဲ့ cognitive awareness
အပြုအမူကိုသိတဲ့ behavior awareness
ကိုယ့်တန်ဖိုးထားမှုတွေသိတဲ့ value awareness
ကိုယ်ဘယ်သူလဲသိတဲ့ existential/ identity awareness
ဒီ အဆင့်တွေက တစ်ခုနဲ့တစ်ခု
ချိပ်ဆက်နေတယ်။
ကိုယ့်ကိုကိုယ်သိရင် လောကကြီးကရှင်းသွားလိမ့်မယ်။
ဆုံးဖြတ်ချက်တွေမှန်လာတယ်။
လမ်းပျောက်တာတွေ နည်းသွားမယ်။
Phyo Paing @ Derek