Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မော်ဒယ်မှားရင် မယ်တော်လဲမကယ်နိုင်ဘူး။

ပိုက်ဆံဝင်တဲ့အခါသာ ကောင်းတာ။
လူတွေကို စီမံခန့်ခွဲရတာ သိပ်မကောင်းဘူး။
ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းသာ
လုပ်လိုက်ချင်တယ်ဆိုတဲ့သူတွေရှိလား။

ဒါဆို ကျွန်တော်တို့ first principle thinking ကို
အသုံးပြုပြီး စီးပွားရေးဆိုတာကို
တစ်စစီဖြုတ် လေ့လာကြည့်ရအောင်။

စီးပွားရေးတစ်ခုရပ်တည်ဖို့ဘာလိုမလဲ?
ဒါဆို စီးပွားရေးဆိုတာ ဘာလဲ?
ဖောက်သည်တွေရဲ့ ပြဿနာကို
ဖြေရှင်းပေးရင်း အမြတ်ငွေရှာတာ။
ဒါ စီးပွားရေးပဲ။
Solving problems for profit ပဲ။

ဒါဆို လုပ်ငန်းတစ်ခု ရပ်တည်ဖို့ဘာလိုမလဲ?
ဖောက်သည်လိုတယ်။

ဖောက်သည်ဆိုတာဘာလဲ?
ကိုယ့်ကို ပိုက်ဆံပေးတဲ့သူက ဖောက်သည်ပဲ။
ဟုတ်တယ်။

လုပ်ငန်းတစ်ခုက ဖောက်သည်ရှိရင်၊
ဖောက်သည်ရဲ့ပြဿနာကိုဖြေရှင်းပေးဖို့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှိရင်၊
ဖောက်သည်ကလဲ ပိုက်ဆံပေးချင်ရင်၊
နောက်ဖောက်သည်ကလဲ ပိုက်ဆံပေးနိုင်ရင်
စီးပွားရေးဆိုတာ ဖြစ်တယ်။

ဒါဆို လူတစ်ယောက်တည်းနဲ့ကော
စီးပွားရေးလုပ်လို့ရလား?
ရဒါပေါ့။
ဖောက်သည်ရှိရင်ရတယ်။
ပိုက်ဆံပေးတဲ့သူရှိရင် ရတယ်။
ဒါကို solopreneur လို့လဲခေါ်တယ်။

ဒါဆို လူများများကို ရောင်းချင်ရင်
ဖောက်သည်များများရချင်ရင်
ဘာလိုမလဲ?
မားကတ်တင်းလိုတာပေါ့။

ဒါဆို မားကတ်တင်းဆိုတာ ဘာလဲ?
သူစိမ်းကိုအသိ၊ အသိကိုဖောက်သည်၊
ဖောက်သည်ကို အမာခံပရိသတ်၊
အမာခံပရိသတ်ကို အတွင်းလူပြောင်းတဲ့ဖြစ်စဥ်လို့
အကြမ်းဖျင်းမှတ်ယူလို့ရတယ်။

ဖောက်သည်တွေများပြီး မနိုင်ရင်
ဘယ်လိုလုပ်မလဲ?
နိုင်အောင် နည်းပညာသုံးလို့ရတယ်။
နည်းပညာနဲ့မရတော့ရင်
လူသုံးလို့ရတယ်။

နည်းပညာနဲ့ လူတွေကောင်းကောင်း
အလုပ်မလုပ်ရင် ဘယ်လိုလုပ်မလဲ?
စိတ်မပူနဲ့။
စီမံခန့်ခွဲမှုဆိုတာရှိတယ်။

စီမံခန့်ခွဲမှုဆိုတာဘာလဲ?
လူနဲ့စနစ်နဲ့ပေါင်းပြီး အလုပ်ပြီးအောင်လုပ်တာ။
အဲ့ဒါ စီမံခန့်ခွဲမှုပဲ။

ဒါဆို စီးပွားရေးလုပ်ပြီး
လူတွေကို စီမံခန့်ခွဲမှုမလုပ်ချင်ရင်
ဘာလုပ်ရမလဲ?
နည်းပညာများများသုံးနိုင်ပြီး
လူသုံးနည်းရင်
လူတွေကို စီမံခန့်ခွဲရတာနည်းလာမယ်။

ကိုယ့်လုပ်ငန်း ဘယ်လိုပုံစံနဲ့
အမြတ်ငွေရှာမလဲဆိုတာကို
စီးပွားရေး မော်ဒယ် business model လို့ခေါ်တယ်။

ကိုယ်လိုချင်တဲ့ နေ့စဥ်နေထိုင်တဲ့ဘဝတည်ဆောက်ဖို့
ကိုယ့်ရည်ရွယ်ချက်ရောက်နိုင်တဲ့
business model လိုတယ်။

မော်ဒယ်မှားရင် မယ်တော်လဲမကယ်နိုင်ဘူး။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​