သူများရေးထားတဲ့စာအုပ်အကြောင်း
ပြန်ပြောပြရင် copyright နဲ့ မငြိဘူးလား။
သူများအိုင်ဒီယာကို ခိုးသလိုမဖြစ်ဘူးလား?
ဟုတ်။ Copyright ဆိုတာ ဘယ်လောက်
လေ့လားဖူးလဲ သိပါရစေ။
Copyright နဲ့ Patent နဲ့ Trademark နဲ့
ကွာခြားချက်တော့သိမှာပေါ့။
Copyright မှာ fair use ဆိုတာလေးကြားဖူးလား။
ပြောထားတဲ့စာသားကို သူပြောတိုင်းအတိုင်း
မဟုတ်ပဲ ကိုယ်နားလည်တဲ့အတိုင်းပြန်ပြောရင်
fair use ဖြစ်တယ်လို့ထင်သလား?
ဒါမှ မဟုတ် ကိုယ့်အထင်အမြင်နဲ့
သူရေးထားတာနဲ့ ပေါင်းပြီး
တခြားသူတွေအတွက် ပိုကောင်းအောင်
ဖန်တီးရင် fair use ဖြစ်တယ်ထင်သလား။
Youtube ပေါ်က စာအုပ်တွေအကြောင်း
ပြန်ပြောပြတာ၊ review လုပ်တာက
fair use ဖြစ်သလား။
အမှန်တော့ လူတွေအကဲဖြတ်တယ်ဆိုတာ
သူ့ရဲ့လောကအမြင်က ကျဥ်းနေတတ်ပြီး
သူ့အမြင်နဲ့ အကဲဖြတ်လိုက်လို့ဖြစ်ပါတယ်။
အဲ့အချိန်မှာ ကိုယ်ကစိတ်နည်းနည်းရှည်ပြီး
မေးခွန်းပြန်မေး၊ အမြင်ဖွင့်ပေးတဲ့အခါ
သင်ယူမှုကို လက်ခံသူဆို
သူ့အမြင်ကျယ်လာနိုင်မယ်။
Phyo Paing @ Derek